နေလုံးနီနီကြီးက တောင်တန်းတွေအလွန်ကိုကွယ်ပျောက်ဖို့ ရွေ့လျားနေဆဲ။တည်ငြိမ်သွားတဲ့ ညနေခင်းလေးမှာတော့ သူတို့က ဒီကိုလာတိုင်း သုံးနေကျ စားပွဲခင်းစကိုထုတ်ခင်းပြီး ဒုဓလီပန်းခင်းကြီးထဲမှာ ထိုင်ဖြစ်ကြတယ်။
အနားကို ရစ်သီရစ်သီကပ်ကပ်လာတဲ့ ပုခုံးရိုးကျယ်ကျယ်နဲ့ကောင်လေးကို တွန်းဖယ်ရင်း Bang Yedamက ဒုဓခီပန်းလေးတစ်ပွင့်ကို လက်နဲ့ဆိတ်ခူးလိုက်တယ်။
"မနမ်းပါနဲ့ဆိုနေမှ! ဝေးဝေးကိုသွား"
"ဒါဆို ကျွန်တော့်ကိုလက်ထပ်ရမယ်နော် ကြားလား"
ပန်းလေးကိုမှုတ်ထုတ်လိုက်တယ်။လေထဲကိုလွှင့်မြောသွားတဲ့ ဒုဓလီပန်းပွင့်တံလေးကိုငေးကြည့်နေတုန်းမှာပဲ သူ့ရှေ့ကိုရောက်လာတဲ့ လက်စွပ်ဘူးအနီရောင်လေးကို အကြည့်လွဲလိုက်တယ်။
သူ့လက်ကိုဆွဲယူပြီး လက်သကြွယ်မှာ လက်စွပ် ဝတ်ပေးနေတဲ့ Jeongwooကိုငေးကြည့်မိတယ်။
"အခုဆို Hyungက ကျွန်တော့်အပိုင်ဖြစ်သွားပြီ ကျွန်တော့်ဘဝကြီးတစ်ခုလုံးကိုလညိး Hyungဆီ ပုံအပ်လို့ရမယ်မလားဟင်"
Sizeအနည်းငယ်ကြီးတဲ့ လက်စွပ်တစ်ခုကို သူ့ဆီပေးရင်း Jeongwooက သူ့လက်သကြွယ်ကိုထောင်ပြတယ်။
Bang Yedamပြုံးလိုက်တယ်။
ကောင်လေးကို လက်စွပ်ပြန်ဝတ်ပေးပြီး သူကပြောလိုက်တယ်။
"အွန်း! မင်းကလည်း အခုငါ့အပိုင်ဖြစ်သွားပြီ မင်းရဲ့အရာအားလုံးကို ငါပိုင်သွားပြီနော်!"
ပြုံးပြရင်း သူ့ရဲ့ပေါင်ပေါ်ကို ခေါင်းပြုလှဲလိုက်တဲ့ ကောင်လေးကို Bang Yedamငုံ့ကြည့်လိုက်ရင်း ပွနေတဲ့ ဆံပင်တွေကိုသပ်ပေးနေမိတယ်။
မျက်နှာချင်းဆိုင်က ဝင်ခါနီးဆဲဆဲ နေမင်းကြီးကိုသူတို့အတူ လှမ်းကြည့်ရင်း ပြုံးမိကြတယ်။
"မဖြစ်တော့ဘူး မင်္ဂလာရက်ကို ရှေ့တိုးမှဖြစ်တော့မယ်"
"ဘာလို့လဲ"
"Hyungနဲ့အတူ ဟန်းနီးမွန်းသွားဖို့လေ အသစ်ဆောက်ထားတဲ့အိမ်မှာလည်း နေရအုံးမယ် နောက်ပြီး မနက်တိုင်း နေ့လည်တိုင်း ညတိုင်း အတူရှိချင်သေးတာ"
အလောတကြီးပြောနေတဲ့ Jeongwooကို ရီပြလိုက်ရင်း အပေါ်စီးကနေ နှဖူးကိုတစ်ချက်တောက်ပြီးမှ
"မင်းသာ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့! ငါက လွဲပြီး ဘယ်သူနဲ့မှ မျက်လုံးမဆုံနဲ့! မဖက်နဲ့! မကြည့်နဲ့! အလုပ်သဘောအရဆိုပြီးလည်း တူတူမစားနဲ့! အတူတူလည်း မသောက်ရဘူး! ခရီးလည်း သူများတွေနဲ့မသွားရဘူး! မင်းရဲ့ ဒီလက်တွေ၊ဒီခြေတွေ၊ဒီပုခုံးပြင်ကျယ်ကြီးတွေ ဒီကျောပြင်ကြီးရော ဒီဆံပင်တွေရော၊ဒီမျက်လုံးတွေရော အကုန်လုံးက ငါ့တစ်ယောက်တည်းအပိုင်"
"သဝန်တိုနေတာတွေမလား"
"ဘယ်သူကလဲ? မတိုပါဘူး"
Jeongwooက ရီလိုက်ပြီး သူ့လက်တွေနဲ့ ပေါင်ပေါ်ကနေ အိပ်နေရင်း ငုံ့ကြည့်နေတဲ့သူ့ရဲ့ ခေါင်းလေးကို ဂုတ်ပိုးကနေ ဆွဲချပြီး အကြင်နာတွေပေးတော့တယ်။
နောက်ပြီးမှ အော်ပြောတယ်။
"Hyungပြောတဲ့ထဲမှာ မေ့ကျန်ခဲ့တာတစ်ခုရှိတယ်။ ဒီနှုတ်ခမ်းတွေက Hyungအပိုင်!"
"မင်း! လူဆိုးကောင်!!!!"
____End____
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Dandelion ? ??????
Romance[Burmese] ???? ???????? × ???? ????? [completed] ? ?????? ? ????????????? ? ??????????? ? ???? ????? ? ??????? ?? ???????
Final (Unicode)
Start from the beginning