抖阴社区

[??.?] ??????????

Start from the beginning
                                    

ထိုစကားကြောင့် ကျန်းရွှင်းယီတုန်ယင်သွားကာ ရုတ်တရက်လက်မြှောက်ပြီးသူ့အားမတွန်းထုတ်လိုက်ခင်၊ ခေတ္တမျှတန့်သွားရသည်။ သူ့ညီလေးက ဉာဏ်ကောင်းကြောင်း ကျန်းယွီအန်းအမြဲတစေသိထားပြီးသားဖြစ်ကာ ကိစ္စတွေဘယ်လိုဖြစ်မလဲဆိုတာကို သူလည်းအရမ်းယုံကြည်ချက်ရှိမနေပါပေ။ အခုသူ၏တုံ့ပြန်မှုကမမှန်တာကိုမြင်လိုက်ရရင်း သူ့မှာရွေးချယ်စရာမရှိဘဲ ဘာမှမဖြစ်သည့်အလားပြုမူကာ ပဟေဠိဖြစ်နေသောပုံစံဖြင့်မေးလိုက်သည်။
"ရွှင်းရွှင်း?"

ကျန်းရွှင်းယီစကားလုံးမဲ့စွာအောက်ကိုကြည့်လိုက်မိသည်။ တစ်အောင့်မျှကြာပြီးနောက် သူသည်ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်ကာ ဖြေးညှင်းစွာမေးလိုက်၏။
"အစ်ကို၊ အစ်ကိုဘာလို့လာခဲ့တာလဲ။ အစ်ကိုပါလို့ ကျွန်တော့်ကိုအရင်ကဘာကြောင့်မပြောခဲ့တာလဲ။"

ကျန်းရွှင်းယီက သူမည်သူမည်ဝါဖြစ်ကြောင်း သံသယဖြစ်နေသည်ဟု ယူဆမိရင်းဖြင့် သူသက်မချလိုက်မိကာ ရှင်းပြလိုက်သည်။
"အစ်ကိုဘာမှမပြောနိုင်တာက အစ်ကိုဒီကိုရောက်လာပြီးတဲ့နောက်မှာ အစ်ကို့ဝိညာဥ်ကို ဒီဘုရားကျောင်းရဲ့မြေအောက်မှာချိပ်ပိတ်ထားခဲ့တဲ့ ပြိုင်ဖက်တစ်ယောက်နဲ့အစ်ကိုတွေ့ခဲ့တာကြောင့်ပဲ။ အစ်ကို့ဝိညာဥ်အပြည့်အစုံမရှိပဲနဲ့ ချိပ်စည်းကိုအစ်ကိုမဖြည်နိုင်ဘူးလေ။ ဒါကြောင့်မို့ အစ်ကို့မှာရွေးချယ်စရာမရှိဘဲ ခဏလောက်စောင့်နေခဲ့ရတာ။ ဒီနေ့ဘုရားကျောင်းမပြိုသွားခင်အထိ အစ်ကို့မှာမင်းကိုပြောဖို့အခွင့်အရေးမရှိခဲ့ဘူး။"

ကျန်းရွှင်းယီခဏမျှတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါဆိုရင် တစ္ဆေဘုရားကျောင်းအကြောင်း သတင်းအချက်အလက်ထုတ်ပြန်ခဲ့တာက အစ်ကိုပဲပေါ့? အစ်ကို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဒီနေရာကိုဖျက်ဆီးပစ်ဖို့ လူတိုင်းရဲ့အာရုံကိုဆွဲဆောင်ဖို့ပေါ့။"

တစ်ဖက်လူခေါင်းငြိမ့်တာကို မြင်လိုက်ရရင်းဖြင့် ယခုလေးတင်သူမြင်လိုက်ရသည့်အရိပ်က ကျန်းယွီအန်းဖြစ်ကြောင်း ကျန်းရွှင်းယီနောက်ဆုံးတော့နားလည်သွားသည်။ ဒါကြောင့်မို့၊ သူ့မျက်နှာက ကျန်းယွီအန်းရဲ့မျက်နှာနှင့် အတိအကျကိုတူနေတာမဆန်းပါဘူး။ သို့သော်...

[COMPLETED] ??????????? || ????????Where stories live. Discover now