Unicode
အရင်နေ့ကထက်ပိုပြီး ထူးခြားတယ်လို့ထင်ရတဲ့ဒီနေ့
လမ်းလျှောက်ချင်နေတာနဲ့ အိမ်ကကားကိုကျောင်းဆောင်ထိလိုက်မပို့ခိုင်းတော့ဘဲ ဝင်ပေါက်ရှေ့မှာတင် ရပ်ခိုင်းလိုက်တယ်သူလမ်းလျှောက်ရတာကိုသဘောကျတယ်
အထူးသဖြင့်လေလေးတွေက သူမျက်နှာကို မထိတထိရိုက်ခတ်လာတာလေးကို ပိုသဘောကျတယ်
ဒါပေမဲ့ အိမ်ကအမြဲသူ့ကို လမ်းမလျှာက်ခိုင်းဘူး
အမြဲအေးအေးဆေးဆေးနေရတာကို သဘောကျတယ်
ဒါပေမဲ့ မိန်းကလေးတွေကသူ့ကိုလာပတ်သက်ချင်ကြတယ် ခုလည်းဘေးနားက ပြောနေတဲ့သူ့အ ေကြာင်းတွေကိုကြားနေရပေမဲ့ သူစိတ်မဝင်စားဘူးခဏနေတော့ ထူးခြားတဲ့ကောင်လေးတစ်ယောက်က သူရှေ့ကိုလာရပ်တယ် ပြီးတော့ စကားတစ်ခွန်း အမြဲလိုလိုကြားနေရတဲ့ စကားတစ်ခွန်းဆိုပေမဲ့ ထူးခြားနေတဲ့စကားတစ်ခွန်းကိုဆိုလာတယ် ဘာလို့ဒီနေ့ကျမှ သူ့အတွက်ထူးခြားတာတွေဖြစ်နေရတာလဲ
...."ဂျောင်ဝန်းဒီကို မြန်မြန်လာ ဘယ်လိုလဲအဆင်ပြေခဲ့လား"ဆောနူကမေးလိုက်တော့
"မသိဘူး ငါတော့ပြောခဲ့တာပဲ ဒါပေမဲ့ဟိုကငါ့ကို ဘာမှပြန်မပြောဘူးဟ ဒီအတိုင်းထွက်သွားတာ"
"ကဲပါ တစ်လကြီးတောင်လိုသေးတာပဲ"နီခီကဝင်ပြောလိုက်တယ်
......"Jay ငါတို့ဒီမှာ"
ဆောင်ဟွန်းနဲ့ဂျယ်ယွန်းကလှမ်းခေါ်တော့
Jayသူတို့နားသွားလိုက်တယ်
"ဒီနေ့နောက်ကျလိုက်တာ ဘယ်တွေဝင်နေတာလဲ
နောက်ပြီး မျက်နှာကရောဘာဖြစ်နေတာလဲ" ဂျယ်ယွန်းကမေးလာတော့
"ဘာမှမဖြစ်ပါဘူးကွာ မင်းတို့ကလည်းလာ အတန်းထဲဝင်ကြရအောင်"သူပြောပြမလို့လုပ်ပြီးတော့မှ မပြောဖြစ်ခဲ့ဘူး
သူနားမလည်ခဲ့ဘူး ဘယ်အရာကသူရဲ့ခံစားချက်တွေကိုရှုပ်ထွေးစေတာလဲဆိုတာထိုနေ့ကစပြီးထိုကလေးကကျွန်တော့်ကို ပေါ်တင်လိုက်လာတယ် သူကျွန်တော့်ကိုလိုက်နေမှန်း ကျွန်တော့်သူငယ်ချင်းနှစ်ယောက်လည်းသိလာသလို တစ်တန်းလုံးနီပါးလည်းသိလာကြတယ်
ခုလည်းဘေးနားကနေ စကားလာများနေတာတော်တော်နဲ့မပြီးနိုင်ဘူး

YOU ARE READING
The Story [ Jaywon ] ?
Fanfiction"" ???????? ??????????????? ???????????????????? ??????? ??????????????? ???????????????????..."" "" ??????? ??????????????? ???????????????????? ??????? ??????????????? ???????????????????..."" unicode /Zawgyi Jaywon