抖阴社区

24 (Unicode)

428 62 0
                                        

ဘာလိုလိုနဲ့ပဲ Harutoတစ်ယောက် ဆုရလာပြီးတည်းက အရင်ကထက် scheduleတွေ ကြပ်လာသည်။

မင်းသားတစ်ယောက်အနေနဲ့သာမက Bang Yedamမည်သောCEO ဆိုသူက ငယ်ငယ်က ကိုယ်နဲ့ပေါင်းခဲ့သည့် မျက်နှာကိုတောင် မထောက်....

အဆိုတော်အလုပ်ကိုပါ Harutoအား လုပ်ခိုင်းစေခဲ့သည်။

ယခုလည်း Japan Tourမှာ ဖျော်ဖြေပြီးပြီးချင်း Koreaမှာ အလုပ်တွေရှိသေးတာမို့ ချက်ချင်းပြန်လာရတာ ဘယ်သာ့ကိုမှတောင် အသိမပေးအား။ ဒါကိုပင် Seoul အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ ကြိုစောင့်နေကြတဲ့ သတင်းထောက်တွေနဲ့ Fanတွေ ကျွန်တော်ပြန်လာမှာကို ဘယ်လိုလို့ကြိုသိနေကြသည်လဲ...

Haruto စိတ်ပင်ပန်းလှသည်။

လေဆိပ်က အမျိုးသားသန့်စင်ခန်း၏ ရှေ့မှာတော့ Harutoအား တံခါးဝကနေ အဆင်သင့်စောင့်နေတဲ့ Entertainmentက Bodyguardနှစ်ဦး....။

"Hyung~~~ ကျွန်တော် ပင်ပန်းနေပြီဗျာ ဒီနေ့တော့ နားတော့မယ်လေ မရဘူးလား"

"အင်း မရဘူး...."

အင်းလည်း ပြောသေး၊ မရဘူးလည်း ငြင်းနေသော CEOကြောင့် Haruto လက်ဆေးနေရင်း ရေနဲ့မျက်နှာကိုပါ ပွတ်ပစ်လိုက်တယ်။ သူတကယ် ဒီအလုပ်ကိုစိတ်ကုန်နေပြီ။

Harutoက Jeongwoo သူ့ကိုလွမ်းလာခဲ့သည့်အခါများရှိသော် SNSမှာရိုက်ရှာလိုက်တာနဲ့ သူ့ပုံလေးတွေJeongwooတွေ့နိုင်အောင် အနုပညာရှင်အလုပ်ကို ရွေးချယ်ခဲ့တာဖြစ်သည်။

"ရုပ်ဖျက်ပြီး Dobbyနဲ့အတူ Jeollabuk-doကို ဘူတာရုံကနေ လာခဲ့...ဒီမှာ ရိုက်ကွင်းက စနေပြီ မြန်မြန်လုပ်နော် Ruto-ya"

"အာ...Hyung!!! Yedamie Hyung!!!"

"တီ~~~~"

ခေါ်ဆိုမှုကျသွားတဲ့ ဖုန်းလေးကိုကြည့်ပြီး Haruto ဘာမှ ဆက်ပြောမနေတော့။

ရေအိမ်ထဲ အမြန်ပြန်ဝင်ပြီး fanတွေ နောက်ခရီးစဥ်ကိုသတိမထားမိအောင် အဝတ်အစားလဲကာ ခပ်သွက်သွက်လေး ရုပ်ဖျက်ရသည်။

"ဟူး...."

ဤတစ်ခါမှာတော့ ညည်းညူလိုက်သူက Kim Doyoungပင်။

နှစ်ယောက်လုံး ပင်ပန်းနေကြပြီး ေလယာဥ်ပေါ်မှာတည်းက 4နာရီလောက်ပဲ အိပ်ခဲ့ရသေးသည်မို့ တစ်ကိုယ်လုံးကိုက်ခဲပြီး လှုပ်ရှားချင်စိတ်မျိုးလည်း ရှိမနေကြ။

My Dear IKSAN PENGUIN  ? ???Where stories live. Discover now