抖阴社区

???????????

194 22 0
                                    

ဘယ်ကနေ ဘယ်လို ရသွားမှန်းမသိသော ဓာတ်ပုံတစ်ပုံ။
မြတ်နိုးရှေ့က စားပွဲပေါ်ကို ဖေဖေက ပစ်တင်လိုက်သည်။
ဖေဖေအလွန် စိတ်တိုနေသည်မှာ ထင်ရှားပေါ်လွင်နေသည်။
အကြောင်းမှာ ထိုပုံသည် မြတ်နိုး၏ ပါးတစ်ဖက်အား သူက ကြင်နာစွာ နမ်းနေသည်ကို
ရှုထောင့်တစ်နေရာမှ ကျွမ်းကျင်စွာ ရိုက်ယူထားသော ဓာတ်ပုံတစ်ပုံဖြစ်၏။

မြတ်နိုးသည် ဆယ်တန်းတက်နေသော ကျောင်းသားတစ်ဦး။
မြတ်နိုးတို့ကျောင်းသို့ ဖုန်း သို့မဟုတ် ကင်မရာယူလာသူမှာ ကျောင်းသားများဖြစ်နိုင်စရာအကြောင်းမရှိ။

တကူးတက ကင်မရာကိုင်ဆောင်သူဆို၍လည်း မမြင်ဖူး။
ဖုန်းကိုင်သူဟု ဆိုရပါလျှင် ကျောင်းရှိ ဆရာဆရာမများနှင့် အခြားတာဝန်ရှိလူတွေမှအပ ဘယ်သူရှိသေးလို့လဲ။
တကယ်ပဲထင်ရက်စရာမရှိ။
ဘယ်သူလဲလို့လည်း မစွပ်စွဲလိုတော့ပါဘူး။
မြတ်နိုးဘာပြောပြော ဘာလုက်လုပ်အားလုံးက အမှားတွေချည်း ဖြစ်နေမှာပဲလေ။

"ရည်းစားတွေလား "

ဖေဖေသည် တက်နိုင်သမျှ စိတ်ကိုလျှော့ချထားဟန်တူသည်။
အရင်ဆိုပေါက်ကွဲနေကျဖေဖေ။
ခုတော့ဘာလို့များ အလျှော့ပေးနေရပြန်လဲ မြတ်နိုးနားမလည်နိုင်ပြန်။

"မဟုတ်ပါဘူး ဖေဖေ"

" ဖေဖေဆူမလို့မဟုတ်ပါဘူး "

ဖေဖေထူးဆန်းနေသည်။
ဖေဖေ့မျက်နှာကဝင်းပရွှန်းလဲ့နေပြီး တကယ်ဆူမည့်သဘောမှာမရှိ။

" တကယ်မဟုတ်ပါဘူး ။ သူ.. သူက မြတ်နိုးရဲ့သူငယ်ချင်းပါ"

" သူ့ကို သဘောကျနေသလား"

ဖေဖေ ဘာကိုမေးချင်နေလဲ။
ဖေဖေဘာကိုဖြေစေချင်နေလဲ မြတ်နိုး တကယ် နားမလည်တော့။
ဖေဖေသည် မြတ်နိုးအား အရင်လို ဆွဲထိုးလိုက်မည်၊
ဆူပူကြိမ်းမောင်းလိုက်ရမည်မဟုတ်လား။

" သဘောကျတယ်ဆိုရင် ဖေဖေမဆူပါဘူး"

ရော်! ဖေဖေတော့ ခက်ချေပြီ။
မြတ်နိုးက သူ့ကို ...

မြတ်နိုးက ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေဖူးလို့ စိတ်ခုန်နေတာလည်းဖြစ်နိုင်ပါသည်။
ပြီးတော့ သူကရော မြတ်နိုးကို ဘာမှန်းမသိတဲ့လူတစ်ယောက်ကို သဘောကျအုံးမည်တဲ့လား။
မဖြစ်နိုင်စရာ။

??????????????? ???????????? (??????????????? ????????????)Where stories live. Discover now