" မင်းသူ့ကို သဘောကျရင် ယောကျ်ားပီပီသသနေပြီး လိုက်ကွာ။
ပြီးတော့ ဒီ ဆယ်တန်းဖြေပြီးရင် ငါ့သားကြီးကို ခွဲစိတ်ပေးဖို့ အားလုံးပြင်ဆင်ထားပြီးပြီ""ဟင့်အင်း... ဟင့်အင်း မြတ်နိုး ယောကျ်ားလေးမဖြစ်ချင်ဘူး"
"မဖြစ်ချင်လို့မရဘူး။
မိန်းကလေးတိုင်းက ကိုယ့်ချစ်သူကို ယောကျ်ားပီပီသသအနေနဲ့ပဲမြင်ချင်ကြတာ။
ကြည့်စမ်း! မင်းတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေမှာ
အဓိပ္ပာယ်တွေအများကြီး မြင်နေရတယ် "စိတ်အစုံသည် ပေါက်ကွဲ တုန်ရီလာ၏။
မြတ်နိုးဒီလိုမဖြစ်ချင်တာ ဖေဖေတို့သိရဲ့သားနဲ့။
ဖေဖေ၏ တစ်ချက်လွတ်အမိန့်ကို မြတ်နိုး ဘယ်တုန်းကလွန်ဆန်နိုင်ခြင်းရှိခဲ့လို့လဲ။ဘဝတစ်လျှောက်လုံး မြတ်နိုးမသတီသော၊မြတ်နိုးကြောက်လန့်သော အဲ့ဒီ့ အမျိုးသားလိင်အင်္ဂါကြီးနှင့် တစ်သက်လုံး ယောကျ်ားလေးတစ်ယောက်အဖြစ် ရှေ့ဆက်သွားရမည်ဟူသော အသိက
မြတ်နိုး၏ ရနေဆဲကာလက ပျော်ရွှင်မှုသေးသေးလေးကိုတောင်
ပျက်ဆီးစေခဲ့သည်။
သူကရော မြတ်နိုးကို ယောကျ်လေးအနေနဲ့ ဖေဖေထင်သလို သူခင်တွယ်ခဲ့တာလား။မြတ်နိုး ဒီရက်ပိုင်း သူ့အား သိသိသာသာရှောင်နေခဲ့သည်။
ခွဲစိတ်ပေးမည်ဟူသော ဖေဖေ့စကား၊ မြတ်နိုးမုန်းသောဘဝကြီးနှင့် ဒီအခြေအနေ တို့မှာ မြတ်နိုး တကယ်ရှေ့ဆက်မရဲတော့တာအမှန်။ပြီးတော့ သူ။
သူနဲ့မြတ်နိုး မျက်နှာချင်းမဆိုင်ချင်သေး။"ကျောင်းဆင်းရင် စကားပြောရအောင်မြတ်နိုး"
အမိန့်သံစွတ်နေသော သူ့ရာဇသံမှာ မြတ်နိုး ငြင်းနိုင်စွမ်းမရှိ။
ဖေဖေပြောသလို တကယ်မြတ်နိုး သူ့အပေါ် လိုတာထက်ပိုနေမိသလား။
ဒါကရော မြတ်နိုး ယောကျ်ားလေးစိတ်ဖြစ်နေလို့ ဒီခံစားချက်တွေဖြစ်တာလား။ဟင့်အင်း.. ဟင့်အင်း။
မြတ်နိုး ခုထိ မိန်းကလေးဖြစ်ချင်သေးသည်။
မြတ်နိုး အမြဲတမ်း မိန်းကလေးဖြစ်နေမည်။
မြတ်နိုးကမိန်းကဖြေစ်နေလျင်တောင် မိန်းကလေးဖြစ်သည့် သူ့အား ချစ်နေအုံးမည်။

YOU ARE READING
??????????????? ???????????? (??????????????? ????????????)
Short Story??????????????????????? ?????????????? ??????????????????????? ??????????????
???????????
Start from the beginning