မြတ်နိုးကို ယောကျ်ားလေးတစ်ယောက်လို မြင်လို့ ခင်တွယ်နေတာဆိုရင်တော့ သူ့ကိုလည်း မြတ်နိုး မေ့ပစ်လိုက်ပါမည်။
နာနာကျင်ကျင် မြတ်နိုး ကြိုးစားပြီး မပတ်သက်ပဲနေပါ့မည်။" မြတ်နိုး! ဘာလို့ ရှောင်နေတာလဲ "
ခေါင်းအသာအယာရမ်းပြလိုက်သည်။
အခု တစ်ကျောင်းလုံးကလည်း မြတ်နိုးပါးကို သူနမ်းနေသည့် ဓာတ်ပုံအား မြင်ပြီးသည်မို့
အရိပ်တကြည့်ကြည့်ကြည့်နေကြပြီ။" ဒါဆို ဘာလို့စကားမပြောတော့တာလဲ "
မြတ်နိုးထက်အရပ်ပိုပုသော သူသည်
စိတ်တိုစပြုနေပြီဖြစ်သည်။
ဘေးကိုကြည့်တော့ အတန်းသားတွေက ကွက်ကြည့်ကွက်ကြည့်။"တော်ပါ။ မြတ်နိုးတို့ ဒီလောက်နဲ့ ဆက်မပတ်သက်ရအောင်"
" ဘာလို့လဲ အကြောင်းပြချက်က ဘာလဲ"
"မြတ်နိုးနဲ့ ဆက်ခင်နေရင် လူတွေက ဆန်းသစ်ကို တမျိုးမြင်ကြလိမ့်မယ် ။ ဒီလောက်နဲ့ ရပ်လိုက်ရအောင် နော် "
မေဆန်းသစ်သွင် တဲ့။
သူ့နာမည်က မေဆန်းသစ်သွင်။
အားလုံးက သွင်လို့ ခေါ်ကြသည်။
မြတ်နိုးကတော့ ဆန်းသစ်ဟု ခေါ်သည်။
ဘာလို့ဆို သူက မြတ်နိုးအတွင် အမြဲဆန်းသစ်နေသော အရာရာ ဆန်းသစ်စေသော သူဖြစ်သည်လေ။မြတ်နိုး သူ့အနားက လှည့်ထွက်လာခိုက် မြတ်နိုးလက်ကို ဆွဲထားကာ
သူက ပြောင်ချော်ချော်မျက်နှာပေးနှင့်"ဒါဆို ဘယ်လိုလုပ်မလဲ ၊ အခု လူတွေက မြတ်နိုးနဲ့ ဆန်းသစ်ကို အတွဲတွေထင်နေကြပြီ"
" အဲ့တာကြောင့် အဲ့တာကြောင့် ဒီလိုတွေမထင်ရအောင်
မပတ်သက်ပဲနေရအောင်လို့ "သူနဲ့ မပတ်သက်ပဲနေရအောင်လို့ပြောရတာ ဒီလောက် ငိုချင်စရာကောင်းသည်တဲ့။
အံ့သြလိုက်တာနော်။ မြတ်နိုး ဝမ်းနည်းစိတ်က ဆောင့်တက်လာသော်လည်း
ဆန်းသစ်က ပြုံးစိစိနဲ့ ။
စိတ်တိုစရာသိပ်ကောင်းတာပဲ။" အဲ့တာ တကယ်ဆိုရင်ရော"
သူက အူကြောင်ကြောင်ပဲ။
စကားကို ပြောသင့်မပြောသင့် သိပုံမရသေး။
စကားအသွားအလာ ၊ အဓိပ္ပာယ် က တခြားပုံစံဖြစ်နေတာကို သိပုံမရသေး။

YOU ARE READING
??????????????? ???????????? (??????????????? ????????????)
Short Story??????????????????????? ?????????????? ??????????????????????? ??????????????
???????????
Start from the beginning