UNICODE
မျက်စိနှစ်လုံး ဖွင့်တာနဲ့ အရင်ဆုံး မြင်ရတဲ့ အခန်းတွင်း အပြင်အဆင်ကြောင့် ရင်က ဒိန်းခနဲ ဆောင့်ခုန်တယ်။ ဒါ ရရ အခန်းမှ မဟုတ်တာ။
သတိအနေအထားနဲ့ ကျုံးထလိုက်တော့ ဒူးဆစ်ကစပြီး ဘယ်ခြေထောက်တစ်ခုလုံး တစစ်စစ် ကိုက်ခဲလာတယ်။ အခြေအနေကို သုံးသပ်မိတော့ ပြုံးမိပြန်တယ်။ တော်သေးတာပေါ့။ မနေ့က ကိုကို ဆေးစည်းပေးထားလို့။
နံရံကပ် နာရီကို လှမ်းကြည့်တော့ မနက်ခြောက်နာရီအတိ။ ကိုကို့ အခန်းထဲ ဘာကြောင့် ရောက်နေလဲထိ မစဉ်းစားနိုင်။ ကိုကို နိုးရင် မနက်စာ အသင့် ဖြစ်နေဖို့သာ စိတ်စောလာမိတယ်။
ထူးဆန်းတဲ့ အခြေအနေကို လျစ်လျူပြုလျက် အခန်းထဲက ထွက်ဖို့ ပြင်မိတယ်။ မတော်လို့ ကိုကို မြင်သွားရင် ခက်မယ် မဟုတ်လား။ ကိုကို စိတ်အနှောင့်အယှက် ဖြစ်စေမဲ့ အရာတွေကို ရရ မကျူးလွန်ချင်ပါ။
ထုံထိုင်းနေတဲ့ ဘယ်ခြေကို သာသာလေးမ, ပြီး ညာခြေကို အားပြုလျက် ကုတင်ပေါ်က လျှောဆင်းနေတုန်း မျက်ဝန်းထောင့်မှာ မြင်လိုက်တဲ့ အရိပ်တစ်ခုက ဘုရားရေ... ဒါက ကိုကိုပါလား။
အိပ်နေပုံက ရရ အိပ်ခဲ့တဲ့ ဘယ်ဘက်ခြမ်းမှာပဲ ဖြစ်ပြီး ဖျာလေးတောင် ခင်းမထားတဲ့ ကြမ်းခင်းပေါ်မှာ ကိုကို့ခန္ဓာက ခပ်တောင့်တောင့်၊ မလှုပ်မယှက်။
ရရ အနေနဲ့ အိပ်စက်ချိန်တိုင်း ကုတင်ရဲ့ ဘယ်ဘက်ခြမ်းကို တိုးကပ်အိပ်တတ်တာ ငယ်စဉ်ကတည်းက။ ပြုတ်ကျမှာ စိုးရိမ်တဲ့ မိဘတွေက ရရ အိပ်နေစဉ်မှာ အလယ်ကို ဘယ်လောက်ပဲ ရွှေ့ပေး၊ ရွှေ့ပေး နိုးလာတိုင်းမှာ ဘယ်ဘက်ခြမ်းက အစွန်အဖျားလေးဆီ ရောက်နေတတ်စမြဲ။
အရွယ်ကလေး ရလာချိန်မှာ ကုတင်ပေါ်က ပြုတ်မကျတော့ပေမဲ့ ငယ်ငယ်ကဆို ရရ နိုးလာတိုင်း ကြမ်းပြင်ပေါ် ရောက်နေတတ်ပါတယ်။ ဒါကြောင့်မို့ ငယ်စဉ်ဘဝမှာ အိစက်ညက်ညောတဲ့ မွေးပွကော်ဇောတွေက ရရ အခန်းထဲမှာ နေရာအပြည့် ယူထားတော့တာ။
အခု ကိုကို အိပ်နေပုံက ရရအိပ်ခဲ့တဲ့ဘေး ကြမ်းပြင်ပေါ်မှာမို့ မဟုတ်မှ ကိုကိုက ရရကို ငေးကြည့်ခဲ့သေးတာလား။ မဖြစ်နိုင်တာ။ ခေါင်းကို ခါထုတ်ပစ်ပေမဲ့ တစ်ညလုံး အတူရှိခဲ့တယ် ဆိုတဲ့အသိမှာ တလှိုက်လှိုက် ခုန်လာတဲ့ ရင်အစုံက မသိတတ် မလိမ္မာစွာ။

YOU ARE READING
"?????? ????????????? ??????????????? ??????????? ????????????" (Completed)
Romance"??????? ???????????? ????????????? ??????????? ?????? ???????????????? ??????? ???????? ?? ????????? ??????? ??????? ?????????? ???????? ??????????? ??????????????????? ?????????????? ??????????????? ???????????? ???????????????" ^-^ "??????? ?????...