မျက်နှာဝ ပေ ၄၀ နဲ့ အနောက်ကို ပေ ၈၀ ထိ ကျယ်ဝန်းတဲ့ အိမ်ကလေးက ယောက်ျားသား နှစ်ယောက်တည်းအတွက် အတော်လေး ကျယ်ဝန်းပါတယ်။ အိမ်သန့်ရှင်းရေး နေ့တိုင်း လုပ်ပေမဲ့ ပိတ်ရက် ရောက်တိုင်း တစ်အိမ်လုံး ထပ်ရှင်းတာမို့ ဒီလို ရက်တွေဆို ရရ ပြိုင်းပါတယ်။
သို့ပေမဲ့ မမော။ ဒီအရိပ်မှာ ကိုကို့ အငွေ့အသက်တွေ ပြည့်နေတယ် မဟုတ်လား။ ဝေ့ကြည့်လိုက်တဲ့ နေရာတိုင်းမှာ လက်နှိပ်ဓာတ်မီးတွေ မြင်ရခြင်းက ဝမ်းမြောက်ဖွယ် ဆိုသလို လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက လိုအပ်တဲ့ အလင်းပေး ပစ္စည်းတွေကို တစ်အိမ်လုံး တပ်ဆင်လိုက်တဲ့ ကိုကို့ကျေးဇူးကြောင့် မီးပျက်ရင်တောင် ကြောက်စရာ မလိုတော့ပါ။
ဒါတွေဟာ ထုတ်မပြတတ်တဲ့ ကိုကို့ အကြင်နာတွေ ဖြစ်နေမလားလို့ တွေးမိတိုင်း ရရ တစ်ကိုယ်လုံး နွေးလာတတ်တယ်။ လက်ထဲက ကူပွန်လေးကို ကိုင်ကြည့်ရင်း ပြုံးမိပြန်တယ်။ အဲ့ဒီနေ့ကပေါ့။ ရရကို ပွေ့ချီခဲ့တဲ့ နေ့က ရလာခဲ့တဲ့ ကူပွန်။
ဆုရ ဟင်းပွဲကို သုံးကြိမ်တိတိ သုံးဆောင်ခွင့် ရှိပေမဲ့ ထိုတစ်ညသာ မြည်းစမ်းခဲ့ပြီး နောက်နှစ်ကြိမ်စာကို အခုထိ မထုတ်ယူရသေး။ ရရကလဲ အထူးတလည် မစားချင်သလို ကိုကိုကလဲ ထပ်စားချင်ပုံမရ။ ကိုကို အလိုလိုက်ခဲ့တဲ့ အမှတ်တရလေး အဖြစ်သာ ကူပွန်လေးကို သိမ်းဆည်းထားခဲ့ပါတယ်။
အဲ့ဒီညက အိမ်ပြန်ရောက်ချိန်မှာ ရရကို တစ်နာရီနီးပါး ချီပွေ့ခဲ့တဲ့ ကိုကို့လက်မောင်းတွေကို ဆေးပူရည် လိမ်းပေးတော့ ရရကို ခပ်မဆိတ် ငေးနေခဲ့တယ်။ ခြေသလုံးတွေထိ လိမ်းပေးချင်ပေမဲ့ ကိုကိုက လက်မခံ။ ဒီအတိုင်း တိတ်ဆိတ်စွာ ငေးနေပြီးမှ နှုတ်ခမ်းလေး လှုပ်ရုံ တိုးတိုး ပြောခဲ့တာက...
"တောင်းပန်ပါတယ်" တဲ့။
^^
အိမ်ပေါ် ရှင်းပြီးသွားတော့ ခြံထဲမှာ အမှိုက်တွေ ဆင်းလှည်း၊ သစ်ပင် ရေလောင်း၊ ပေါင်းပင်လေးတွေ လိုက်နှုတ်နဲ့ စိတ်အစဉ်က ချမ်းမြေ့နေတယ်။ ကိုကို ပြန်ရောက်မှ ကြက်ပြုတ်ရည်နဲ့ ချက်မဲ့ ခရမ်းချဉ်သီးကြက်ဥ အရည်သောက်နဲ့ အစိမ်းကြော်တစ်ခွက် မြန်မြန် ချက်လိုက်ပါမယ်။

YOU ARE READING
"?????? ????????????? ??????????????? ??????????? ????????????" (Completed)
Romance"??????? ???????????? ????????????? ??????????? ?????? ???????????????? ??????? ???????? ?? ????????? ??????? ??????? ?????????? ???????? ??????????? ??????????????????? ?????????????? ??????????????? ???????????? ???????????????" ^-^ "??????? ?????...
????? - ??
Start from the beginning