သွေးခြေဥနေတဲ့ခြေမကို တစ်ကျွတ်ကျွတ် စုတ်သတ်ရင်း ဆေးဖွဖွအုပ်ကာနှိပ်နယ်နေရသည်။
မြှောင့်ဆီက ရည်းစားစကားပြောခံရမယ်လို့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေးဖူးဘူး
ပြောမယ့်ပြောတော့လဲရုတ်တရပ်ဗြုန်းစားကြီးပြောချတာမို့ လန့်ဖြန့်ပြီးမတ်တပ်ရပ်လိုက်တာ ခြေမနဲ့ကုတင်စောင်းနဲ့စောင့်မိပြီး သွေးခြေဥသွားတာပင်။
ဖွင့်ပြောတာမြှောင်လား Bibleလားမသဲကွဲ ။
မြှောင်ကတော့ဖာသိဖာသာ။
သူနေနေကြပုံစံအတိုင်းပြန်နေပေမယ့် Bible ကတော့ရှက်နေရသည်။မြှောင်ခါတိုင်းလိုသူ့အနားတိုးအိပ်လာရင်တောင်ခြေမကိုင်မိလက်မကိုင်မိ။
မဖြစ်သေးပါဘူး သူကလဲပိုင်ရှင်ရှိသူဆိုတော့
သေချာနားလည်အောင်ပြောပြရမည်။ဒီလိုရင်ခုန်နေမိပုံမျိုးနဲ့ဆို သစ္စာမရှိရာကျသွားမည်မလား။__________________________________
"ကိုယ်ပြောပြမယ် ဟိုတစ်ခါကမမလှလှလေးမှတ်မိသေးလား ဒီအိမ်ကိုလာဖူးတယ် "မြှောင်ကမျက်လုံးလေးထောင့်ကပ် တွေးသလိုလေးလုပ်ပြီးမှ တစ်ခုခုကိုသတိရကာ ခေါင်းငြိမ့်ပြလာသည်။
"အဲ့တာကိုယ့်ရည်းစား မြှောင်က ကိုယ့်ကို သူငယ်ချင်းလိုအကိုလို ချစ်လို့ရပေမယ့်
အဲ့မမလိုချစ်လို့မရဘူး ကိုယ်ပြောတာနားလည်လား ကိုယ်ကလဲမြှောင်ကိုအဲ့မမကိုချစ်သလိုချစ်ပေးလို့မရဘူး အဲ့တာလူ့
ကျင့်၀တ်လို့ခေါ်တယ်"ဒီစကားကို ပြောဖို့သူနားလည်အောင်ခေါင်းထဲသေချာစာစီထားတာ ၂ရက်ရှိပြီ။
ပြောလိုက်ရင်ငိုသွားမလား စိတ်ညစ်သွားမလားဆိုပြီး
တွေးပူကာထုတ်မပြောဖြစ်တာ
ခုလိုတုံ့ပြန်လာမယ်မှန်းတော့ အတည်ထင်မထားခဲ့။Bible စကားတွေကို မျက်လုံး၀ိုင်းစက်လေးတွေနဲ့ငြိမ်နားထောင်နေတဲ့ buibui က စကားလဲဆုံးရော မျက်လုံးတွေက စူးရှသွားပြီး
လက်ခုံးခုံးလေးက မျက်နှာနားကပ်လာတာ။Bibleကလဲသူ့မျက်နှာလေးကိုင်ချင်တယ်ထင်လို့ရှေ့တိုးပေးလိုက်ကာမှ
ဖတ် ဖတ် ဖတ် ဆိုပြီး သောက်ခွက်ကို ၃ချက်အုပ်သွားတယ်။ ခေါင်းကိုလည်ထွက်သွားတာပဲ။
