抖阴社区

Chapter - 2

2.1K 195 14
                                        

ခပ်နွမ်းနွမ်းအိမ်ငယ်လေးရဲ့ အတွင်းဘက်တွင် စာဖတ်နေသည့် ဆယ်နှစ်အရွယ်ကလေးတစ်ဦးမှာ လမ်းမဆီသို့သာမျှော်ကြည့်၍ တခုခုကိုမျှော်နေဟန်။ မိုးချုပ်သထက်ချုပ်လာပြီးနှင်းတွေပါကျလာတာ့ လမ်းမပေါ်လူတောင်မရှိတော့ပေ။ ပိန်းပေါက်အောင်ကျဆင်းနေသည့် နှင်းတွေကြားမှ ခပ်သုတ်သုတ်လာ​နေသူတစ်ဦးကို မြင်သည်အခါ ထိုကလေးငယ်ကစာအုပ်ကိုပိတ်၍ အိမ်ပေါ်မှ ဆင်းကာ ထိုလူထံသို့ပြေးသွားခဲ့သည်။

"ဒယ်ဒီ...."

လက်နှစ်ဖက်ကိုဆန့်တန်း၍ အော်ဟစ်ပြေးကြိုသည့် သားဖြစ်သူ ဗင်းဆင့်ကို ဂျေဆန် ဆီးကြို​ပွေ့ဖက်နမ်းရှုံ့ကာ ဆောင်းထားသည့်ဦးထုပ်ကိုချွတ်၍ ကလေးထံသို့ဆောင်းပေးလိုက်သည်။

"အေးနေတာကို ဘာလို့ထွက်လာရတာလဲ သား"

"ဒယ်ဒီပြန်တာနောက်ကျတယ်နော်။ မာမီတောင်အိပ်နေပြီထင်တယ်"

"ဒီနေ့ ဒယ်ဒီသူဌေးက အိမ်ပြန်နောက်ကျလို့..."

ဇနီးဖြစ်သူမှာ ကျန်းမာရေးမကောင်းသူဖြစ်၍ အလုပ်လုပ်နိုင်ခြင်းမရှိသည့်အတွက် ဇနီးဧ။်ဆေးကုသစရိတ်၊ သားဖြစ်သူ ဗင်းဆင့်ဧ။်ကျောင်းစရိတ်အပြင် အိမ်ကိစ္စအဝဝက ဂျေဆန်ခေါင်းပေါ်တွင်ဖြစ်သည်။ အလုပ်ကလဲ ထင်သလောက်မရ၊ နောက်ကျပင်ပန်းလှသော်လည်း မနားရဲ၊မပျက်ရဲရခြင်းမှာ အလုပ်ပါမရှိပါက မည်သို့မှတောင့်ခံနိုင်မှာမဟုတ်လို့ပင်ဖြစ်သည်။

"ပြန်လာပြီလား ကျွန်မထမင်းခူးပေးမယ်"

"ရတယ် ရတယ် ကိုယ့်ဘာသာခူးစားလိုက်မယ်။ နေသာတယ်မဟုတ်လား"

"မိမိပြန်လာသံကြား၍ထင်သည် အိပ်ခန်းအတွင်းမှ ထွက်လာကာ ညစာအတွက်ပြင်ရန်ကြိုးပမ်းနေသည့် ကျန်းမာရေးမကောင်းသော ဇနီးဖြစ်သူကို ဂျေဆန်လက်ကာပြကာ ကိုယ်တိုင်ပင်ခူးခပ်၍ ထိုင်စား​နေစဉ်တစ်​လျှောက် သားဧ။်တစ်တွတ်တွတ်အသံ၊ ဇနီးဖြစ်သူဧ။်ရယ်​မောသံများနှင့် သာယာခဲ့ရဧ။်။"

"ဒယ်ဒီ..."

ပန်းကန်ဆေးကြောနေခိုက် နောက်ကျောဆီမှခေါ်သံ​ကြောင့် လှည့်အကြည့်မှာ သားဖြစ်သူဗင်းဆင့်က ​ရေခွက်တစ်ခွက်နှင့်အတူ အားဆေးတစ်လုံးကို ကိုင်ထားသည်။

?????? ??? ??????????? Where stories live. Discover now