ကြောက်သွားတာလား၊ ဝမ်းနည်းသွားတာလားမသိဘဲ ကလေးမက မျက်ရည်တွေမြန်မြန်ဆန်ဆန်ကြီးပြည့်လာခဲ့ပြီးနောက်ထပ်နှုတ်ခမ်းကိုဖိကိုက်ပစ်၍ စိတ်ထဲကျေနပ်သွားမိသည်။
သူ့အနားကပ်လာသည့် မိန်းမတိုင်းတွေဟာ သူ ဒီလိုရက်ရက်စက်စက်ပြောရင် ငိုပြကြပြီး အချိန်တန်တော့လည်း သူ့အောက်ကိုသာ ရောက်လာကြရသည်မဟုတ်လား..."သွားတော့ နောက်တစ်ခါ ငါ့နောက်ကို ထပ်လိုက်လာရင် တွေ့တဲ့နေရာမှာ အသေသဝာ်ပစ်မယ်"
လက်ကိုပြန်လွှတ်ပေးလိုက်သည့်အခါ ထိုမိန်းကလေးက ရှိုက်သံလေးထွက်သည်အထိ ငိုကာ သူ့အနားကလှစ်ခနဲထွက်ပြေးသွားတော့၏။
မျက်နှာလေးရော၊ အမူအကျင့်လေးပါ ချစ်စရာကောင်းသူမို့ သတိထားမိပေမယ့် တစ်ခါနှစ်ခါမက တွေ့လာသည့်အဖြစ်ဟာ တိုက်ဆိုင်ခြင်းဟု မယူဆမိ။
ဒါ့အပြင် သူ့နောက်ကို အပြေးတပိုင်းထ,လိုက်လာခြင်းသည်လည်း ပုံမှန်မဟုတ်နိုင်။
ဒါသည် တစ်ယောက်ယောက်က သူ့အနားကပ်ဖို့ လွှတ်လိုက်ခြင်းပဲ ဖြစ်လိမ့်မည်။ဒီလိုSpyလိုလို၊ ကြေးစားလိုလိုမိန်းမတွေဟာ ဒီလိုရက်စက်စွာမောင်းထုတ်ဖို့သာ အသင့်တော်ဆုံး...
🎀 🎀 🎀 🎀 🎀
"ထက်ဘုန်းလျှံက မြေပြန့်ကိုရောက်နေတယ် ဒီအချိန်က လှုပ်ရှားလို့အကောင်းဆုံးမဟုတ်ဘူးလား ဆရာကြီး"
တပည့်ဖြစ်သူရဲ့စကားကို ခေါင်းခါပြလိုက်ကာ စံအိမ်မှာမကပ်သည့် ထက်ဘုန်းလျှံကို ဘယ်မှာဖမ်းရမှန်းမသိ။
မြေပြန့်ဆိုပေမယ့် လျှပ်စီးလက်သလို လျှင်မြန်သည့်ဒင်းက တောင်ကြီးကို ညတွင်းချင်းပြန်ရောက်ချင် ရောက်လာနိုင်သည်။
တစ်ခါကလည်း နေပြည်တော်ရောက်နေသည်ဆို၍ Planကိုအကောင်အထည်ဖော်ဖို့ ပြင်ခဲ့ပေမယ့် ဒင်းကတော့ လားရှိုးစံအိမ်မှာ မိသားစုတွေ့ဆုံပွဲလုပ်နေခဲ့သည်။
ထို့ကြောင့် ထက်ဘုန်းလျှံအလစ်ကိုစောင့်နေခဲ့ရပြီး တောင်ကြီးစံအိမ်ကိုလုပ်ကြံဖို့ဆိုတာ လွန်ခဲ့သောနှစ်တွေကတည်းကအစီအစဉ်..."မြေပြန့်မှာဆိုပေမယ့် သေချာမှလုပ် ထက်ဘုန်းလျှံကိုမိဖို့မလွယ်ဘူး အဲ့ဒီကောင်က သိပ်ပါးနပ်တယ် ခရီးတွေထွက်ပြပြီး ပြန်ပြန်ရောက်လာတာက ထောင်ချောက်တစ်ခုနဲ့ပိုတူနေတယ်
သူ့အလစ်ကို ငါချောင်းနေမှန်းသိလို့ တမင်လုပ်ပြနေတာ မပိုင်ဘဲမလုပ်သင့်ဘူး"

YOU ARE READING
??????????????? ?????????????? (Players season 3)
Romance????????? ????????????????? ?????????????? Baby Start Date - 13 Jan 2023 End Date - 19 March 2023