抖阴社区

18

19.5K 649 13
                                    

🎀  Part - 18 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဘယ်ရောက်သွားတာလဲ"

"ကျောင်းပြန်သွားတက်တယ် အစ်ကိုကြီး"

စိတ်ပျက်လက်ပျက်ဖြင့် ကျစ်ခနဲစုပ်သပ်မိကာ ခေါ်မရသည့်နံပါတ်လေးကို စူးစိုက်ကြည့်နေရင်း ဘာဆက်လုပ်ရမလဲမသိ။
ဖုန်းဆက်မယ်ဟု သူမကိုချိန်းဆိုထားခဲ့ပြီး ထိုညကပဲ တာချီလိတ်စံအိမ်ကိစ္စနှင့် တောင်ကြီးကိုချက်ချင်းပြန်လာရ၍ သူမကိုမေ့ခဲ့သည်။
ကိုယ့်ဆီကဖုန်းကို မျှော်နေမလားမသေချာပေမယ့် သူ မေ့ခဲ့မိခြင်းကိုတော့ သူမ စိတ်ဆိုးနေမှာသေချာသည်။

"သူတို့မောင်နှမအကြောင်းစုံစမ်းခိုင်းနေတာ တစ်လနီးပါးရှိနေပြီ Arizonaမှာကျောင်းတက်တာပဲသိရပြီး တခြားအကြောင်းတွေကို ခုထိမသိရသေးဘူးလား"

"သူ့ရဲ့နောက်ကြောင်းစုံစမ်းရတာ နည်းနည်းခက်နေပါတယ် အစ်ကိုကြီး.. ဇွဲကပင်က သူတို့မောင်နှမအကြောင်းကို စနစ်တကျဖျောက်ဖျက်ထားသလိုပဲ"

"မဟုတ်သေးပါဘူးကွာ.."

စိတ်ရှုပ်သွားသလို မချင့်မရဲဖြစ်သွားပြီး သံစူးချောင်းတွေကိုကောက်ကာ စက်ဝိုင်းပုံပစ်မှတ်ဆီ တဒေါက်ဒေါက်ပစ်နေမိသည်။
ခဏတဖြုတ်အလုပ်အားတုန်းလေး ချစ်ခြင်းကိုသတိရလာသည့်စိတ်ဟာ ဘာကြောင့်မှန်းမသိဘဲ ဖုန်းဆက်မရသည့်အခါ ပိုပြီးသတိရလာသည်။
သူ့ကိုချေပြန်ပြီလားဟု ဒေါသဖြစ်မိသောကြောင့် စုံစမ်းခိုင်းလိုက်တော့မှ ကျောင်းသွားတက်သည်တဲ့…
ဒီကောင်မလေးက ဘာလဲ…
နောက်ထပ်ကျောင်းသွားတက်ရမှာမှန်း သေချာနေပါလျက် ပြီးစလွယ်အဖြေပေးသွားတာလား…

"အစ်ကိုကြီး ဦးဘုန်းမြတ်နိုင်သတိရပါပြီ"

တစ်ပတ်နီးပါးသတိလစ်နေသော ဦးဘုန်းမြတ်နိုင်က အခုမှသတိရလာတာမို့ သတင်းစကားကြားသည်နှင့် သူ ထိုင်ရာမှထလိုက်ကာ ဦးလေးအခန်းကိုလျှောက်လာခဲ့သည်။
တာချီလိတ်ကိစ္စမှာ အပေါ့လျော့ဆုံးက ဦးလေးဖြစ်ကာ အပြစ်အရှိဆုံးကလည်း ဒီလူကြီး…
ဦးလေးက အိပ်ရာပေါ်မှာလှဲနေရပြီး Dripချိတ်ထားရကာ သူရောက်လာသည်နှင့် ထထိုင်ဖို့ကြိုးစားနေ၍ လက်ကာပြလိုက်ရင်း…

??????????????? ?????????????? (Players season 3)Where stories live. Discover now