Unicode
ရိပေါ်သူ့ဘေးရှိနွေးထွေးမှုတစ်စက်ကလေးတောင်မရှိတော့သော အိပ်ယာအားကြည့်ပြီး စိတ်မကြည်မလင်ဖြစ်သွားရသည်။ သေချာပေါက် သူနဲ့တူတူထမယ်ပြောထားပါရက်နဲ့ ထပ်ပြီး သူ့ကိုထားသွားပြန်ပြီ။
" မင်းသားငယ်ဝမ် အရှင်မင်းကြီးက သူ့ထံအခစားဝင်ဖို့မိန့်လိုက်ပါတယ် "
" မသွားဘူး "
" မင်းသားငယ်ဝမ်မလာရင် အကျယ်ချုပ်ချမယ်လို့လည်းမိန့်လိုက်ပါတယ် "
" မိန့်ချင်တာမိန့် မသွားဘူး! "
ရိပေါ်စိတ်အခြေအနေမကောင်းတာကြောင့် အကန်တွေချည်းပဲပြောနေကာ စိတ်တိုစွာဖြင့် အိပ်ယာကိုလည်းရိုက်ချလိုက်ပါ၏။
ရိပေါ်ကစကားအတိုင်းပင် သွားမတွေ့ခဲ့ပဲ အဆောင်ထဲမှာပဲနေကာ စာအုပ်ဖတ်နေလိုက်၏။ ခါတိုင်းနေ့များလို မနက်စာလည်းတူတူမစားသလိုနေ့လည်စာလည်းမစားပါချေ။ သူ့ဘာသူသာစားပြီးအဆောင်ထဲကလုံးဝမထွက်။
အစေခံများကလည်း တခါမှစိတ်မဆိုးဖူးသည့် ကြင်ယာတော်ကစိတ်ဆိုးနေတာမလို့ ကြောက်ကြောက်လန့်လန့်နဲ့ အသက်လည်းဝဝမရှူရဲသလို ဘာသံမှတောင်မထွက်ရဲပေ။
ကြင်ယာတော်စိတ်တိုရင်ကြောက်ဖို့ကောင်းတယ်လို့ အထိန်းတော်ကြီးထုံချင်းပြောထားသည့်စကားလည်းရှိတာမလို့ သူတို့မှာအသက်အပိုမပါသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဲပေ။
" မင်းသားငယ်ဝမ် မင်းကြီးကြွချီလာပါတယ် "
ရိပေါ်မှဘာမှမဖြေရသေးခင်ပဲ အဆောင်ထဲဝင်လာတဲ့လူကြောင့် မျက်မှောင်ကျုံ့မိသွားသည်။ စည်းမရှိ ကမ်းမရှိ! ဒီလိုလူကို ရိပေါ်စာသင်ပေးခဲ့တာ ယုံနိုင်စရာကိုမရှိဘူး။
" မင်းဆရာဝမ် ဝမ်ဖေး ဘာလို့ကိုယ်တော့်ကိုလာမတွေ့တာလဲ "
" ငါစာဖတ်နေတယ် မင်း ဟိုဘက်ခြမ်းမှာသွားထိုင်ချေ "
" မင်းနဲ့ပဲထိုင်ချင်တာ "
" ငါကတော့မထိုင်ချင်ဘူး "
" ဝမ်မေ့ ဘာတွေစိတ်ကောက်နေတာလဲ "
ကြားလိုက်ရတဲ့အသုံးအနှုန်းကြောင့် သူသွေးပင်အန်လုလု။ ဝမ်မေ့ ဘာကိုဝမ်မေ့လဲ။ ရိပေါ် ချက်ချင်းပဲသူ့ကိုစိုက်ကြည့်လိုက်ပြီး " ငါကဝမ်မေ့ဆို မင်းကကျန့်လန်လား "
