抖阴社区

????? ( ?? ) [ Unicode ]

1.9K 85 12
                                        

( Unicode )

၁၂ နှစ်ခန့်ကြာသော်

" မိုးက ကောင်းသကွာ။ ဒီနေ့တော့ ငါ့သမီးခွာညိုမအတွက် အစာဖိုးတောင်ရပါ့မလားပဲ "

ဘုရားသုံးဆူနားရှိ မသိန်းကြည်၏အကြော်တဲထဲဝင်ထိုင်နေရင်း ကိုဘသောင်းတစ်ယောက်ညည်းညူလိုက်လေသည်။ မိမိ၏မြင်းမလေးကိုတော့ ခပ်လှမ်းလှမ်းက မန်ကျည်းပင်ကြီးအောက် ၌ ကြိုးဖြင့်ချည်ထားရစ်ခဲ့သည်။ မိုးနည်းလေ့ရှိသည့်ဒေသဖြစ်သော်ငြား ဒီကနေ့ကတော့ မနက်လင်းကတည်းက မိုးကခပ်စွေစွေဖြင့် တိတ်သွားသည်ရယ်လို့မရှိဘဲ ရွာနေလေသည်။ သတင်းတွေထဲကြားသည်ကတော့ မုန်တိုင်းအဖျားခတ်သည်ဆိုလား။

" ညနေတော့ တိတ်ကောင်းလောက်မှာပါ ကိုဘသောင်းရယ်။ အကြော်ကြော်ရမယ့် ကျုပ်ကို အားယုတ်အောင်မပြောစမ်းပါနဲ့ "

မသိန်းကြည်က သူမအကြော်ကြော်မည့်မီးထဲသို့  ထင်းထပ်ထည့်နေရင်းကပြောသည်။ အေးနေသည့်ပတ်ဝန်းကျင်တွင် သူ့မီးဖိုကြောင့်အနွေးဓာတ်ရသည်မို့ ကိုဘသောင်းက လာထိုင်နေခြင်းဖြစ်သည်။ ထိုအချိန်မှာပင် ရှေ့ခပ်လှမ်းလှမ်းမှ ထီးတစ်ချောင်းဖြင့်လာနေသည့် လူငယ်တစ်ယောက်ကိုတွေ့ရလေသည်။ ထိုလူငယ်ကိုမြင်သည်နှင့် အနောက်ပါးကမသိန်းကြည်၏အားရဝမ်းသာအသံကိုကြားရလေသည်။

" အမလေးတော် ကျုပ်ကျေးဇူးရှင်လေး လာပြီဟေ့ "

" ဟော ဦးလေးဘသောင်း ဒီမှာ မိုးခိုနေတာလားဗျို့ "

လူငယ်က တဲနားရောက်သောအခါ ထီးကိုပိတ်၍ ကိုဘသောင်းဘေးနားဝင်လာသည်။ အရပ်မှာ ခြောက်ပေကျော်ကာ သူ၏အသားရောင်သည် ခပ်လတ်လတ်ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည်လည်းတောင့်တင်း၍ မျက်နှာမှာလည်း ပျိုတို့အကြိုက်ကြည့်ကောင်းရှုကောင်းရှိလေသည်။ တခြားသူမဟုတ်။ ငယ်ငယ်ကတည်းက အတော်စကားတတ်သည့် ဖိုးစည်ပင်ဖြစ်သည်။ သူ့နာမည်အရင်းမှာတော့ ဝီရစည်သူ ဖြစ်လေသည်။

" အေးကွာ ခရီးသည်လည်းမရသေးတာနဲ့ လာထိုင်နေတာ "

" ခဏနေတော့ မိုးတိတ်မှာပါ။ ဪ ဒေါ်လေးသိန်းကြည် ကျွန်တော့်ကို... "

?????????????? ???????????Where stories live. Discover now