အခန်း ၂၈
မိုးရာသီရောက်လာပြီမို့ သားကြီးနဲ့မီးငယ်လေးကို ကိုးလ်သေချာဂရုစိုက်ပါသည်။ မကြာခင်သုံးနှစ်ပြည့်တော့မည် ထိုမောင်နှမနှစ်ယောက်မှာ သားကြီးကအနေအေးသလို စကားနည်းသလောက်မီးငယ်လေးက တစ်အိမ်လုံးတစ်တောက်တောက်နဲ့လျှောက်သွားကာ စကားလဲအလွန်တက်ပြီး ချွဲတက်ပါသေးသည်။ ခုလဲ တီလေးအခန်းထဲဘာတွေသွားချွဲနေသည်မသိပါ။ တည်ရဲ့ကားသံကြားတော့မှ ပြေးထွက်လာလေသည်။
"ဒယ်ဒီ"
"ဟောမီးငယ်လေး ဖြေးဖြေး"
"မြတ်ယုယကိုးလ် ခုရပ်လိုက်"
"ဟင် ပါးပါးကလဲ ဒယ်ဒီကိုကြိုတာကို"
"ကိုးလ်ကလဲကွာ ကလေးကို"
"ခင်ဗျားကာပြန်ပြီလား အရင်အဝတ်အစားလဲပြီးလက်ဆေးအုံး"
"အင်းပါကွာ မီးငယ်လေး ခနနော် ဒယ်ဒီအဝတ်လဲပြီးထွက်ခဲ့မယ်"
"ဟင့် မသိဘူး ပါးပါးကိုစိတ်ဆိုးတယ်"
"မဆိုးပါနဲ့ ဒီမှာ ဒယ်ဒီဘာဝယ်လာလဲ ကြည့်အုံး"
မင်းမြတ်လက်ထဲက အရုပ်ဘူးကို ထောင်ပြလိုက်တော့ ပါးချိုင့်လေးတွေပေါ်တဲ့အထိရယ်ကာ အရုပ်ဘူးကိုယူပြီးထွက်သွားလေသည်။မောင်နှစ်မနှစ်ယောက်ရုပ်တူသလောက်အမူအကျင့်ရောဝါတနာပါမတူပေ။ သားကြီးက ကလေးရုပ်ပြစာအုပ်ရောစုံခြ ယ်စာအုပ်တို့ကိုသဘောကျပြီး မီးငယ်လေးက အိပ်ဆောက်တဲ့အရုပ်လိုမျိုးတွေသဘောကျသည်။ ခုလဲ သူပြန်လာတာကို ဆိုဖာပေါ်ထိုင်ပြီး အရောင်ခြယ်နေသော သားကြီးက ခနမျှကြည့်ပြီးသူ့အလုပ်သူဆက်လုပ်လေသည်။အရုပ်ရသွားသောမီးငယ်လေးက အောက်ကြမ်းပြင်မှာ ထိုင်ဆော့နေလေသည်။ ဒါလား ဖအေကိုကြိုချင်တာ အရုပ်ပါမယ်မှန်းသိလို့။ ကိုးလ် တည် လက်ထဲက လက်ဆွဲအိတ်ကိုပြောင်းယူရင်း အခန်းထဲလိုက်ဝင်ခဲ့ပါသည်။
"ကလေးတွေကိုအရမ်းမတင်းကြပ်ပါနဲ့ကိုးလ်ရာ"
"ကျွန်တော်တင်းကြပ်တာမဟုတ်ဘူး ခင်ဗျားအရမ်းအလိုလိုက်နေတာ ကျွန်တော်က သူတို့ကို စည်းကမ်းနဲ့နေတက်အောင်လေ့ကျင့်ပေးနေတာ"

YOU ARE READING
???????? ???????
Romance??????????????????? ?????????????????????????? ???????????????? ??????????????? ?????????????????? ??????? ??????? ????????????????????????????????????? ????????? ??????????? ?????????? ??????????? ??????? ??????????????????????????? ???????????????...