နောက်နေ့မနက် ဧကလည်း ပုံမှန်နေ့များနှင့်မတူ အစောကြီးနိုးနေသည်။
'အောင်မယ်လေး.....'
'ဧကပါ အန်တီလေးကလည်း'
'ဧကလွန်းစစ်မောင် တကယ်ဘဲ နင်ဟုတ်ပါတယ်နော်'
'ဧကမှ ဧကအစစ်'
'နင်က အစောကြီး မထစဖူး ထနေလို့လေ'
'ကိစ္စရှိလို့ပေါ့ဗျာ'
'ဘာကိစ္စလဲ'
'ဘာကိစ္စဘဲ ဖြစ်ဖြစ်'
'နင်တစ်ခုခုလုပ်မလို့လား'
'နိုး...နိုး...ဧကက အခု အကြိုအပို့တာဝန်ယူမလို့'
'ဘယ်သူ့ကိုလဲ နင်ကောင်မလေးရနေပြီလား'
'မဟုတ်ရပါဘူးဗျာ အိမ်ရှေ့ကို အသစ်ပြောင်းလာတဲ့ ဆရာမလေးနဲ့ အတူတူ အသွားအပြန်လုပ်ကြမယ်ပြောထားလို့'
'အိနဲ့လား'
'အန်တီလေးက တီချယ်အဲ့မှာနေတာ သိတာလား'
'အင်း ပြောင်းလာတဲ့နေ့ကတည်းက သိတယ်'
ဧက၏ အဒေါ်နှစ်ယောက်လုံးမှာ အထက်တန်းပြဆရာမများ ဖြစ်ကြပြီး အန်တီကြီးက မြန်မာစာ ဆရာမဖြစ်ကာ အန်တီလေးက Bioဆရာမဖြစ်သည်။
'အဲ့တာ ကျနော့်ကို ဘာလို့မပြောတာလဲ'
'နင်က အလေလိုက်နေတာကို'
'မဟုတ်ပါဘူး ကျနော်က ဗဟုသုတရှာဖွေတာ'
'တော်ပြီ တော်ပြီ နင့်ကိုငါ ပြိုင်မပြောတော့ဘူး ရေသွားချိုး ပြီးရင် မနက်စာလာစား'
'အန်တီလေးက ပတ်ဝန်းကျင်လေ့လာမှုအား အရမ်းကောင်းတာဘဲနော်'
'ဘာဖြစ်လို့လဲ'
'ဧက ကျောင်းဝတ်စုံလဲထားတာတောင် မမြင်လို့လေ'
'အေးလေ ဧကပြောလည်း ပြောချင်စရာဘဲခင်ရယ်'
အန်တီကြီး ဝင်ပြောလိုက်တော့ အန်တီလေးက စိတ်ကောက်သွားဟန်ဖြင့်
'မမလည်း သူ့ဘက်နေပါနေလိုက် ဟွန့်သွားတော့မယ်'ဟုဆိုကာ ခြေဆောင့်ပြီး မီးဖိုဘက်လှည့်သွားလေသည်။
'အပျိုကြီးရေ ကောက်မနေနဲ့ ချော့မယ့်သူလည်း မရှိဘဲနဲ့'
'ဘာ...သေနာလေး နင်သေဖို့သာပြင်ထား'

YOU ARE READING
????????????? ???????????????
RomanceUnicode ?????????? ??????????? ????????????????? ???????????? ???????????? ?????????? ??? ???????? ????????? ????????????????????????? Zawgyi ?????????? ??????????? ????????????????? ???????????? ???????????? ?????????? ??? ???????? ????????? ?????...