抖阴社区

??????? ??

667 20 0
                                        

Unicode

"အဲ့နေ့ကကွာ ငါလဲ ကြောက်ကြောက်နဲ့ ဇွတ်တိုးတာ၊ လူတွေကြားထဲ ညပ်ပါသွားရောဟေ့၊ နောက်တော့ ငါ့ဖိနပ်က နောက်က လူခြေထောက်နဲ့ ချိတ်ပြီး ဟက်ထိုးကြီးရှေ့ကိုလဲသွားရော၊ ငါကလဲတော့ နောက်ကလူကြီးကလဲ ငါ့အပေါ်ကနေ လာပိနေရောဟ၊ အဲ့လူကလဲ နံစောနေတာပဲကွာ၊ မူးနေတာမှ လူမှန်းတောင်မသိဘူး၊ ငါ့မှာ သူ့ကို ဇွတ်ဖယ်ပြီး မနည်းထရတယ်"

"ပြောအုံးမယ်၊ ဟားဟား...ငါကကျ ဒီကောင်ပေါ့..ကိုငယ် ငါ့ရှေ့ကကောင်ကို မင်းမှတ်ပြီး ဇွတ်ဆွဲထားတာကွာ၊ နောက်တော့ အန်တီကြီးဖြစ်နေတာဟေ့၊ သူက သားလေး သားလေး ဇွတ်မတိုးနဲ့လေတဲ့၊ ဟားဟား ငါလဲ အန်တီ ကန်တော့ ကန်တော့လို့ ပြောပြီး လစ်လိုက်ရတယ်"

"ဟားဟား ငါက သစ်ပင်နဲ့ ကွယ်နေလိုက်တာ ငါက လွတ်တယ်ကွ"

"မိုးဦး မင်းနဲ့ ညိုမောင်ကရော"

"ဟဲ ဟဲ ဟဲ" မိုးဦးက ရယ်ကျဲကျဲလုပ်နေသည်။ မောင်ကတော့ ဘာမှ ပြန်မဖြေလိုက်။ ဖိုးလပြည့်က ဆက်ပြောသည်။

"ငါက ကံတော့ကောင်းတယ်ကွ ဟဲဟဲ....၊ မင်းတို့နဲ့ လူစုကွဲသွားပြီးတော့ ငါ ဟိုကောင်မလေးနဲ့ တွေ့သေးတယ်"

"ဘယ်ကောင်မလေးလဲ" ကိုကြီးက မျက်မှန်ကို ပင့်ကာ စိတ်ဝင်တစားမေး၏။

"ဟိုကောင်မလေးကွာ၊ Bခန်းထဲက အသားဖြူဖြူနဲ့ကောင်မလေး၊ သူ့အမေက ငါတို့ကျောင်းကပဲ"

ကိုငယ်က "မင်း Bခန်းထဲက အကုန်အလှတွေကြီးပဲ၊ ငါတို့အခန်းထဲသာ တစ်ယောက်မှ မလှတာ"

"ကျစ်ဆံမြီးနဲ့ ကောင်မလေးလား၊ မြန်မာစာဆရာမ သမီးလေ" မိုးဦးက ဖြတ်မေးလိုက်သည်။

မောင့်ရင်ထဲ ထိတ်ခနဲခုန်သွား၏။ မိုးဦး အရင်က ကောင်မလေးတွေအကြောင်း ပြောသည်ကို မောင် တစ်ခါမှ မကြားဖူးသေးချေ။

ဖိုးလပြည့်က ညာသံပေးကာ ညိုမောင့်ဘက် လှည့်ပြီး
"ဟေး.... ဟီး... ညိုမောင်ရ... ဒီကောင် မိုးဦး မရိုးတော့ မရိုးဘူး"

"ဟာ မဟုတ်ပါဘူး၊ သူက ငါနဲ့ ကျူရှင်အတူတူပဲ" ဟု မိုးဦးက ငြင်းသည်။

မောင်က အင်းမလုပ်၊ အဲမလုပ် မိုး
ဦးမျက်နှာကိုသာ ကြည့်ကာ အကဲခတ်နေ၏။

?????????????Where stories live. Discover now