Henry X.Berg
Garry X.Berg (Henry's Father)
Hallien Resolia (Henry's Mother)
Lina Valantte (Henry's Neighbour Girl)
Adisona Valantte ( Lina Valantte's Father)2017 ခုနှစ်ခန့်က တောအုပ်တစ်အုပ်တွင်......
ဝီ.........(လေတိုက်သံ)
" သမီးလေးမကြောက်နဲ့နော် အမေရှိတယ်၊ သမီးလေးအသက်ရှင်ရမယ်၊ မေမေတို့ရအောင်ထွက်ပြေးရမယ် "
ရှပ် ရှပ် ရှပ် ရှပ်.......
တောထဲတွင်ခြေဦးတည့်ရာပြေးနေကြသည်။
" ငါ..ငါမပြေးနိုင်တော့ဘူး ဒီလိုပုံစံနဲ့ဆိုငါပါသေသွားလိမ့်မယ် "
ခုလိုသာ ဆက်ပြေးနေရင် သူ့ရင်သွေးရော သူပါ
ဒုက္ခရောက်လေမည်ဖြစ်သည်။နောက်ဆုံးတွင်သူမ ဆက်မပြေးနိုင်ရှာတော့သဖြင့်သစ်ပင်တစ်ပင်အောက်တွင်ခဏတာနားနေလေသည်။
သူမ ၏မျက်လုံးမှား မှာလည်းဝေဝါးနေလေသည်။
ဟောဟယ်.....ဟောဟယ်.....ဟောဟယ်......
" ဒီ....ဒီ.... လောက်ဆိုရင်တော့ ခဏလောက်နေလို့ရသေးတယ်
လိုက်....လိုက်....မလာတော့ဘူး ထင်ပါတယ် "" ဒီမှာခဏနားပြီး.. ပြီး..ရင်ဆက်ထွက်ပြေးရမယ် ငါ့..ငါ့.. သမီးလေးကို ရအောင်ကယ်ရမယ် အောင်မလေး မောလိုက်တာ..."
သူမ အမောဖြေနေချိန်...... တစ်စုံတစ်ယောက်အနောက်မှာရှိနေသလို ခံစားနေရသည်
♤မင်းငါ့ဆီက မလွတ်ပါဘူးကွာ... ပြေးမနေနဲ့လေ ခုတော့ မင်း ပိုပြီး
နာနာကျင်ကျင်သေရတော့မှာပေါ့♤...........................
♤ကဲ တစ်ယောက်တော့ပြီးပြီး ×#×#×#×#×#×#×#×#× ♤
[2023ခုနှစ် December လ 23ရက်]
Henry X.Berg သည် ဆေးကျောင်း ပဥ္စမနှစ်အောင်ပြီးနောက် ဆေးရုံ
တစ်ရုံတွင် အလုပ်သင်ဆရာဝန်တစ်ယောက်အဖြစ်လုပ်ကိုင်ပြီး သူ၏စိတ်ရောဂါဝေဒနာရှင် အဖေကိုရှာဖွေလုပ်ကျွေးနေရသူဖြစ်သည်" အဖေ မနက်ဖြန်ကျရင် အမေ့တို့ဆီသွားကြရင်မကောင်းဘူးလား "
" ဘယ်သူလဲ၊ မင်းကရော ဘယ်သူလဲ "

YOU ARE READING
The End Of The Maze
Mystery / Thriller????????????????????????????????????????????????????????????????