" သားလေ Henry ပါအဖေရဲ့"
" အေး ဟုတ်လား ? ၊ အမေဆိုတာကရောဘယ်သူလဲ "
" အမေလေ ၊ အဖေ့မိန်းမလေ ၊ Hallien လေ "
" အေ ဟုတ်လား ငါ မှတ်ထားလိုက်ပါ့မယ်ကွာ "
သူ့အဖေအခြေအနေသည် သူ့မိန်းမဖြစ်သူ Henry ၏အမေ ဆုံးပါးသွားကတည်းကပင် ယခုလို အခြေအနေပင်ဖြစ်နေတော့သည်
Henry အရမ်းကြီးမအံ့သြတော့ပေ။
" အဖေ အဖေ အဲ့ဒါဆိုသားဆေးရုံသွားလိုက်ဦးမယ်
ညီမ Lina နဲ့ သေချာနေခဲ့နော် ၊ Lina ရေ
သေချာစောင့်ရှောက်ပေးပါဦး ညီမရယ် "" ဟုတ် အစ်ကို စိတ်ချလက်ချသာသွား ၊ ဒီနေ့ အဖေလည်းလာမှာဆိုတော့ စိတ်ပူမနေနဲ့ "
" အေ ဟုတ်ပြီ အဲ့ဒါဆိုသွားပြီနော် အဖေ "
........................
Lina Valantte နှင့် Adisona Valantte တို့သည်သူတို့၏အိမ်နီးချင်းသားအဖများ ဖြစ်ကြသည် ၊ တစ်ရပ်ကွက်ထဲနေလာတာကြာပြီ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတွေ ၊ မောင်နှမတစ်ယောက် အဖေတစ်ယောက်လိုပင်
ဖြစ်နေပြီဖြစ်သည်။သူတို့သားအဖမှာလည်း Henry ကို အမြဲကူညီပေးရှာသည် အမြဲတိုင်းသူတို့သားအဖသည် Henry ဆေးရုံသွားလျှင် တစ်ယောက်တစ်လှည့် သူ့အဖေကို
ကူစောင့်ပေးရှာသည် ထို့ကြောင့် မှာလည်းဆေးရုံကိုစိတ်ချလက်ချသွားနိုင်သည်။ယနေ့သည် Henry ၏အမေနဲ့ သူ့ညီမလေးတို့ဆုံးတာ ၆နှစ်မြောက်သည့်
နေ့ဖြစ်သည် ညနေ သူဆေးရုံကပြန်လာလျှင် သူ့အမေတို့ ပြာအိုးရုံသို့သွားကာ ဂါရဝ ပြုကာ သွားနှုတ်ဆက်ကြမည်ဟုစိတ်ကူးထားသည်။သို့သော် ရုတ်တရပ် ညဆိုင်းစောင့်ရမည့်အခြေအနေနဲ့တွေ့ရသောကြောင့်မနက်ဖြန်မှပဲသွားရလေတော့မည်။
သူသည် အလုပ်တွေအမြန်ရအောင်လက်စသတ်လေသည်။
ည၉နာရီခန့်တွင် ဆေးရုံမှ ထွက်လာခဲ့ပြီး သူ့အဖေကို ပြန်ခေါ်ရန်
အိမ်သို့ပြန်လေမည်။ပြာအိုးရုံသည် ည၁၁နာရီ အထိဖွင့်တာကြောင့် အချိန်မှီသေးလေသည်။

YOU ARE READING
The End Of The Maze
Mystery / Thriller????????????????????????????????????????????????????????????????
??????? (?) ?????????????????????
Start from the beginning