သိုလှောင် ညဆိုင်းဆင်းထားသောကြောင့် ပင်ပန်းနေပြီး
ဘာမှမစားသေးသောကြောင့် ကုန်စုံဆိုင်တစ်ခုသို့ ခေါက်ဆွဲပြုတ်ဝယ်ရန်
ဝင်သွားလေသည်။ပိုက်ဆံရှင်းဖို့အပြင်မှာပဲ အမဲရောင် Hoodie ဝတ်ထားသောလူတစ်ယောက်နဲ့ ဝင်တိုက်မိသည်။
" အာ Sry ကျွန်တော်ကူကောက်ပေးမယ် "
သူသည် ထိုလူ၏ပစ္စည်းများကိုပြန်ကောက်ပေးလိုက်ပြီး ရုတ်တရက်
သူ့မျက်နှာကိုဖျတ်ခနဲ မြင်သွားသည်" အဖေ ! အဖေဒီမှာဘာလာလုပ်နေတာလဲ ၊ Lina တို့ရော "
Hoodie ဝတ်ထားသောသူမှာ ကုန်စုံဆိုင်ထဲမှ အမြန်ထွက်ပြေးသွားသည်။
Henry သည် ထိုလူအနောက်ကိုပြေးလိုက်သော်လည်း
ခဏလေးအတွင်းမှာပင်ပျောက်ကွယ်သွားလေသည်ရုတ်တရပ်! သူ့ဘေးနားက ခုံတန်းမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဖုန်းဆီသို့ အာရုံက ရောက်သွားတော့သည်
■ လွန်ခဲ့သော ၃ နာရီခန့် ညနေ ၆နာရီ လောက်တွင်
လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသည် သတ်ခံရသောသူမှာ Lina Valantte အမည်ရှိမိန်းကလေးတစ်ယောက်ဖြစ်ပြီး 13 Ward, Patrol Seeker
လမ်း အတွင်းရှိ နေအိမ် အမှတ် 66 မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်
သူမသည် ထိုနေအိမ်ရှိ ရေချိုးခန်းထဲတွင် မတရားပြုကျင့်ခံရပြီး
ဓါးထိုးဒဏ်ရာဖြင့် သေဆုံးနေပါတယ်
ယခုလက်ရှိသံသယရှိသူမှာထွက်ပြေးနေသည် ဟု သိရပြီး
ထိုအိမ်ရှိ စိတ်ရောဂါဝေဒနာရှင် Garry X.Berg
ဖြစ်မယ်ဟု ခန့်မှန်းထားကြပါတယ် ■" ညီ..ညီမ ညီမ Lina မဖြစ်ဘူး အဖေရော ခုန က
ထွက်ပြေးနေတာအဖေပဲထင်တယ် အဖေ့နောက်လိုက်ရမယ်
အဲ မဟုတ်ဘူး လောလောဆယ် ဦးလေးတို့ဆီသွားရမယ်
အဖေမဟုတ်ဘူးဆိုတာသွားပြောရမယ် အေးအဲ့လိုပဲလုပ်ရမယ် "Henry X.Berg တစ်ယောက်တော့ပျာယာခတ်နေလေပြီ။
သူ Taxi တစ်စီးအမြန်ငှားကား အိမ်သို့ပြန်လာခဲ့သည်။
ဟိုကိုရောက်တော့......
" ဆရာ...ဆရာ.. ညီမ Lina ရော
သူ့အလောင်းက ဟိုမှာ ဒါနဲ့ မင်းကိုစစ်ဆေးစရာရှိတယ် ဒါတွေပြီးရင်
စခန်း ခဏ လိုက်ခဲ့ဦး ""အေးပါ.... ၊ ဦးလေး ဘယ်မှာလဲ"
"Adisona လား သူဟိုဘက်နားမှာထိုင်နေတယ်"
Henry မှာ Adison ဆီသို့အမြန်ပြေးသွားလေသည်။
" ဦးလေး ဒါဘယ်လိုဖြစ်တာလဲတော့ကျွန်တော် မသိဘူး ဒါပေမယ့်
အဖေကတော့ သတ်မှာမဟုတ်ဘူး အဖေအဲ့လိုလုပ်မဲ့လူစားမျိုး မဟုတ်..."အုန်း...(လက်သီးထိုးသံ)
" ထွက်သွား မင်းငါ့ကို မျက်နှာ လာမပြနဲ့ လူသတ်သမားသားရဲ့ မျက်နှာ
ငါမကြည့်ချင်ဘူး မင်းသွားတော့ ငါမင်းကိုသတ်မိလိမ့်မယ် "" မဟုတ်ဘူးဦးလေး..၊ ဒါအထင်လွဲနေတာ ၊ အဖေကဒီလိုမလုပ်.... "
" တိတ်! မင်းကိုသွားတော့လို့ ငါပြောနေတယ်နော် ၊
ငါ့ရှေ့လုံးဝထပ်မလာနဲ့တော့ "" ဦးလေးရာ အဖေ့ကိုမယုံဘူးလား အဖေက စိတ်ရောဂါဖြစ်နေတာလေ လူသတ်ရင်တောင်သူက သိမှာမဟုတ်.... "
" အဲ့တော့ မင်းကပါ ကူညီလိုက်တာလား ဟုတ်လား ဟမ်း... "
လည်ပင်းကိုဆွဲလျက်
အုန်း.. အုန်း....အုန်း....(လက်သီးထိုးသံ)
" မင်းဖြေလို့.....ပြောလေ..."
Henry က ဘာမှမပြောတော့ဘဲ ရယ်မြဲရယ်နေသည်
" ဟား ဟား ဟား ဟား ဟား......ဟား ဟားဟား ဟား ဟား......"
စုံထောက်မှူး ဝင်တားရတော့သည်။
" ဟိတ် ခင်ဗျားရပ်လိုက် ဆက်မလုပ်နဲ့တော့ ခင်ဗျား ထောင်ကျသွားလိမ့်မယ်
စိတ်လျှော့ ကျွန်တော်တို့ အမှန်တရားကို ရှာပေးမယ်
ခင်ဗျား စိတ်လျှော့လိုက်တော့ ဟဲ့ ဆွဲခေါ်သွားလိုက်သူ့ကို "" ဟဲ့ မင်း လည်းပြဿနာမရှာနဲ့တော့ ပြီးရင်လိုက်ခဲ့ "
Henry တစ်ယောက်နှုတ်ဆိတ်နေလေသည်
ခေါင်းသာညိတ်ပြပြီး ထိုအိမ်ဝန်းအတွင်းရှိ ဒန်းတွင်ထိုင်ကာ လက်ထဲရှိဆေးလိပ်တစ်လိပ်ကို ဖွာလိုက်ရင်း အိတ်ကတ်ထဲရှိအမေ့ဓါတ်ပုံကိုထုတ်ကာ
" အမေ အချိန် ကျပြီနော်... ဟား ဟား ဟား...."
______________________" To Be Continue "_____________________

YOU ARE READING
The End Of The Maze
Mystery / Thriller????????????????????????????????????????????????????????????????
??????? (?) ?????????????????????
Start from the beginning