抖阴社区

                                    

..................................

Sunday ရုံးပိတ်ရက်နေ့လေးမှာ
အတွင်းရေးမှူး မင်ကို နှင့်အတူ
မိုးတိမ်ယံတစ်ယောက်
Shopping ထွက်လာဖြစ်သည်။
တစ်ကြိမ်တစ်ခါမျှ Shopping
မထွက်လာဖူးသော်လည်း မကြာခင်
တက္ကသိုလ်တတိယနှစ် ပြန်တက်ရတော့မည့်
ညီမဖြစ်သူ မိုးတိမ်တိုက်အတွက်
ပစ္စည်းတချို့ ဝယ်ပေးချင်၍ မင်ကိုအား
အဖော်ခေါ်ကာ မယောင်မလည်နှင့်
အမျိုးသမီးအသုံးဆောင်
ပစ္စည်းဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

သစ်လွင်တောက်ပြောင်လှသည့်
ဆိုင်ခန်းအတွင်း၏ အဖြူရောင်နံရံထက်တွင်
စီစီရီရီ ချိတ်ဆွဲထားသော အရောင်မျိုးစုံ
မိန်းကလေးဝတ် ကုတ်အင်္ကျီများမှာ
ဒီဇိုင်းဆန်းလှသည်။ ညီမလေးက
အသားအရေထိန်းသိမ်းသူဖြစ်၍
နေပူဒဏ်ကို အင်မတန်ကြောက်၏။
ထို့ကြောင့် တက္ကသိုလ်သွားတိုင်း အပြင်ခံ
အင်္ကျီအပါးဖြစ်ဖြစ်၊ (ကုတ်)အင်္ကျီဖြစ်ဖြစ်
အမြဲလိုလို ဝတ်သွားတက်သည်။ Shopping
မထွက်လာခင်ကတည်းက ညီမလေးအတွက် ကုတ်အင်္ကျီ မပါမဖြစ် ဝယ်သွားပေးရန်
စဥ်းစားထားခဲ့ပြီးသား။

ကုတ်အင်္ကျီဝယ်မှာဆိုပေမဲ့
အများကြီးတော့မဟုတ်။ ညီမလေးမှာ
အပေါများဆုံးက
အဝတ်အစားများသာဖြစ်၍
တစ်ထည်,နှစ်ထည်မျှသာ
ဝယ်သွားပေးရန် ဆုံးဖြတ်ထားသည်။

မျက်စိရှေ့က ကုတ်အင်္ကျီသုံးထည်မှာ
ရိုးရိုးရှင်းရှင်းလေး။ ညီမလေးမှာ
မရှိတဲ့ဒီဇိုင်းမျိုး။ ညီမလေးက
အသားဖြူတော့ အညိုရောင်
သိုးမွေးကုတ်အင်္ကျီနဲ့ အရမ်းလိုက်မှာ။

မိုးတိမ်ယံ သူ့အရှေ့က အညိုရောင်၊
အနက်ရောင်နှင့် အဖြူရောင်
သိုးမွေးကုတ်အင်္ကျီ သုံးထည်ကို
ကြည့်ပြီး ဘယ်ကုတ်အင်္ကျီအရောင်ကို
ရွေးယူရမှန်းမသိ တွေဝေနေ၏။
အညိုရောင်ကုတ်အင်္ကျီနှင့်
အနက်ရောင်ကုတ်အင်္ကျီကို
ကိုင်လိုက်၊ ပြန်ချလိုက်လုပ်ပြီး
အဖြူရောင်ကုတ်အင်္ကျီကို
စဥ်းစားဟန်နှင့် ပြန်ကြည့်ပြန်သည်။ ထိုစဥ်
အကြံအိုက်နေသော မိုးတိမ်ယံ အနားကို
ပစ္စည်းထုပ်များ ကိုင်ဆွဲထားရသော
မင်ကိုမှ ယိုင်တီးယိုင်တိုင်
လျှောက်လာခဲ့သည်။

I Hate You Where stories live. Discover now