抖阴社区

ep 3(Unicode)

49.3K 1K 94
                                    


A/N - ယခုpartတွင် 18+ warning
ပေးထားသည့် စာအရေးအသားများ
ပါဝင်ပါမည်။ ထို့ကြောင့်
အသက်ပြည့်ပြီးသူများသာ
ဖတ်ကြရန်သတိပေးပါရစေ။

.....................................

သန့်စင်ခန်းထဲမှာ ကိုယ့်အပြင်
အခြားဘယ်သူမှမရှိဘူးအထင်နဲ့
Pheromoneအဆက်မပြတ်
စိမ့်ထွက်လာသည်ကို မထိန်းချုပ်ထားခဲ့မိပေ။
အခုမှ ပြန်ထိန်းချုပ်ဖို့လည်းမစွမ်းနိုင်တော့။
လူတစ်ကိုယ်လုံးက အားအင်ကုန်ခမ်းနေပြီ။ နောက်ကျောဘက်က လာနေသူက
Alpha ဖြစ်မည်။ ကိုယ့်အနံ့ကြောင့်
စိတ်ရှုပ်ထွေးသွားပုံရ၏။ ဒေါသတကြီးနဲ့
ကိုယ့်ဆီကို လျှောက်လာနေသည်။
ဘယ်လိုလုပ်ရပါ့မလဲ။
အရှက်တွေတော့ ကွဲပြီနဲ့တူပါရဲ့။

*Reply>>>>>
ဘာမှမပြောဘဲ ပြင်းထန်တဲ့
Pheromoneများကိုသာ ထုတ်လွှင့်နေဆဲ
လူကြောင့် ခေတ်ဟောင်း
အတော်လေးစိတ်အချဉ်ဖောက်လာသည်။
ထိုလူအနားကို ခြေလှမ်းကျဲများနှင့်
လျှောက်သွားပြီး တုန်ရီနေတဲ့ 
ပခုံးတစ်ဖက်ကို အကြမ်းပတမ်းကိုင်ကာ
အရှေ့ဘက်သို့ ဆွဲလှည့်လိုက်သည်။
ထိုအခိုက်မှာပဲ မျက်နှာကို
လက်ဖဝါးနှစ်ဖက်ဖြင့်
တင်ကျပ်စွာဖုံအုပ်ထားသူကို
အံ့သြဖွယ်တွေ့လိုက်ရသည်။

"what! Omega boyလား!!"

ယောကျ်ားတစ်ယောက်မှန်းသိသာလွန်းပေမဲ့
မျက်နှာမတွေ့ရတော့ ခေတ်ဟောင်း
အလိုမကျစွာ‌ မျက်မှောက်ကြုတ်လိုက်သည်။
အင်္ဂလန်မှာတွေ့ခဲ့ရဖူးသည့်
Omega boyများက ပုံမှန်တွေ့နေကျ
Omega girlများနဲ့ သိပ်မကွာမခြား၍
မြန်မာနိုင်ငံက Omega boy ပုံစံကို
အလွန်းစိတ်ဝင်စားသည်။ ခေတ်ဟောင်း
ဘာစကားမှမဆိုနိုင်ဘဲ အရှေ့က
ယုန်သူငယ်လေးလို တုန်ရီနေသူကို
ခဏမျှငေးကြည့်နေမိသည်။

Heatကာလမှာ ထုတ်လွှင့်တဲ့Pheromone
ရနံ့က အခြားOmegaတွေနဲ့ ကွာခြားသည်။
မွှေးမွှေးသင်းသင်းလေးနဲ့
ဆွဲဆောင်မှုအပြည့်ရှိသည်။
မျက်နှာကို တင်ကျပ်စွာဖုံးအုပ်ထားသော
လက်ချောင်းလေးတွေက
အမွေးအမျှင်ကင်းမဲ့ကာ ဖြူဖြူသွယ်သွယ်လေး။
ခန္ဓာကိုယ်ကောက်ကြောင်းက
Betaတစ်ယောက်နဲ့ ဆင်တူသော်
အနည်းငယ်ကွဲပြားနေပြန်သည်။ အခြားOmegaထက် ပိုမြင့်တဲ့အရပ်အမောင်း၊  အရမ်းမပိန်ပဲ ခပ်လုံးလုံး
သွယ်သွယ်လေးဖြစ်နေတဲ့ကိုယ်လုံးလေး။
ပိတုန်းရောင် ဆံသားများကို
မြန်မာအုန်ဆီလိမ်းထားပုံရသည်
တဘေးခွဲထားသည်။
အရှေ့ကOmega boyမျက်နှာကို
မမြင်ရသေးပေမဲ့ ဒီလူက
...........that's my typ!!။

I Hate You Where stories live. Discover now