ခေတ်ဟောင်း သူ့အရှေ့ကလူကိုတဝကြီး
စိုက်ကြည့်ပြီးနောက် ခပ်ညစ်ညစ်ပြုံးပြီ
ထိုလူအနားသို့ တိုးကပ်သွားသည်။"ဟေ့ မင်းကိုကြည့်ရတာ heatကို
ထိန်းချုပ်ထားသလိုပဲ၊ ဘာလဲ
အတူနေပေးမဲ့ အဖိုး(Alpha)မရှိလို့လား။
ဟက် အဲ့လိုဆို မပူနဲ့တော့ ကိုယ်
မင်းနဲ့နေပေးမယ်..... ဘယ်လိုလဲ"ပခုံးရင်းမှတစ်ဆင့် လက်မောင်းတန်း
တစ်လျှောက်ကို လက်ချောင်းရှည်ရှည်များနှင့်
ထိတွေ့ကိုင်တွယ်ရင်း ကြက်သီးထဖွယ်
စကားများကို ပြောလာ၍ တိမ်ယံ
ဒေါသအချောင်းချောင်း
ထွက်လာရတော့သည်။"ငါ့ကို အပျက်ကောင်လိုလာပြုမူမနေနဲ့!!
ငါ ရဲမခေါ်ခင် မင်း ငါ့အနားကနေ
အခုချက်ချင်း ထွက်သွားလိုက်တော့ ထွက်သွား!!""အိုး! ဘယ်လိုဖြစ်တာလဲ။
မျက်နှာတောင် မကြည့်ရသေးဘူး
အတင်းတွေထွက်သွားခိုင်းနေပါလား။
မင်းက အစွာလေးပဲ""ဟာ မင်းဘယ်လိုကောင်လဲ!။
မြန်မာလိုပြောလိုက်တာ
နားမလည်ဘူးလား""f**k meလို့ ပြောရင်တော့
ကိုယ် အရမ်းနားလည်တယ်။
စမ်းပြောကြည့်ပါလား တစ်ခါတည်း
ဖြည့်ဆည်းပေးလိုက်မယ်""မင်း!!"
"မင်းမနေနဲ့။ ကိုယ် အချိန်သိပ်ရတာမဟုတ်ဘူး။
မျက်နှာအုပ်ထားတဲ့လက်တွေကို
ဘယ်အချိန်ကျမှဖယ်မှာလဲ ဒီမှာ
အရမ်းကြည့်ချင်နေပြီ"ဘယ်လိုကောင်လဲ ပြောမရဆိုမရနဲ့။
စိတ်ညစ်ပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။
ဒီမှာဆက်နေရင် ဒီကောင်နဲ့
အကြောင်းပါတော့မယ်။ မဖြစ်ဘူး။
ဒီကနေ အမြန်ဆုံးထွက်သွားမှရမယ်။"ဟိတ် ကောင်းကောင်းပြောတုန်း
ကိုယ့်ဘာသာ မျက်နှာပြမလား
ကိုယ်ကိုယ်တိုင် အဲ့လက်လှလှလေးတွေကို
ဖယ်ခွာရမလား တစ်ခုခုတော့ရွေး""ဘာမှမရွေးဘူး။ မင်းကို ငါ့မျက်နှာပြစရာ
ဘာအကြောင်းမှမရှိဘူး။ ဒီနေရာကနေ
မင်း မသွားရင် ငါသွားမယ် ဖယ်!""ဟေ့!"
"ကြီးမေ!!"
မျက်နှာအုပ်လျက် အရှေ့သို့
တစ်ရှိန်ထိုးလျှောက်လာ၍ အရှေ့မှာ
ရပ်နေတဲ့လူကို တိုက်ထုတ်လိုက်သလို
ဖြစ်သွားပြီး ခြေတစ်ဖက်ချော်ကာ
အရှေ့က ကောင်လေး ရင်ခွင်ထဲသို့
တန်းရောက်သွားလေသည်။ ရင်ခွင်ထဲသို့
ဝင်ရောက်လာသောအရှိန်က ပြင်းတော့
နှစ်ယောက်လုံး ကြွေပြားပေါ်သို့
ထပ်လျက်လှဲကျသွားသည်။ မထင်မှတ်ဘဲ
ဖြစ်ပျက်သွားသည့်အခိုက်မှာ တိမ်ယံ
မျက်စိစုံမှိတ်ထားလိုက်မိသည်။
မှောက်မိုက်သွားသော မျက်ဝန်းထဲမှာ
ဖြူ နီ ပြာရောင်စုံ လှည့်ပတ်နေတော့သည်။

YOU ARE READING
I Hate You
FantasyWarning: 18+ ABO world??? ????????????????????? ?????????? fic??????? ?????????????? ??????? ??????????????????
ep 3(Unicode)
Start from the beginning