抖阴社区

                                    

"ဘယ်ကောင်တွေ လက်ကမြင်းကြောထပြီး
ဖုန်းခေါ်နေတာလဲမသိဘူး ဝါးးးး
အိပ်ရေးပျက်တယ် အင့်"

တိမ်ယံ ဖုန်းကို ကုတင်ဘေးစားပွဲခုံပေါ်သို့
အသာပြန်တင်ထားလိုက်သည်။
တပ်ထားဆဲ မျက်မှန်အကြည်ကိုပါ
နေရာတကျပြန်သိမ်းပြီး
အိပ်စက်ရန် ပြင်သည်။

ကိုကို ဖုန်းလာနေတယ်........
ကိုကိုရေ ဖုန်းလာနေတယ်နော်.........
ကိုကို!

ထပ်တလဲလဲလာနေပြန်သော ဖုန်းကို
တိမ်ယံ စိတ်မရှည်လာတော့။
စိတ်ပေါက်ပေါက်နဲ့
ဖုန်းကောက်ကိုင်လိုက်သည်။

"ဘယ်သူလဲ!!"

"ခဗျား ခင်ပွန်းလောင်း ခေတ်ဟောင်း!!"

"ခေတ်ဟောင်း!မင်း!!"

ဖုန်းစကိုင်လိုက်သည်နှင့် ဘုကန့်လန့်
ပြန်ပြောလာသော ခေတ်ဟောင်း
စကားအဆုံး တိမ်ယံ
မျက်မှောက်ကြုတ်သွားသည်။
ခေတ်ဟောင်း နာမည်ကို
ကြားကတည်းက တိမ်ယံ စိတ်ထဲမှာ
"အရိုင်းအစိုင်းကောင်"ဆိုတဲ့
အသုံးအနှုန်းက နေရာတကျရှိနေပြီးသား။

"မင်း အာယားနေလား!!"

တိမ်ယံ ဒေါသထွက်ထွက်နဲ့ ပြောတော့
တစ်ဖက်က အပြင်းစားဝိုင်သောက်နေသော
ကောင်လေးရဲ့ နှုတ်ခမ်းတစ်ဖက် 
မသိမသာကွေးတက်သွားသည်။

"ဒီညက ကျုပ်ဘဝအထီးကျန်ဆန်ခဲ့ရတဲ့
14နှစ်ပြည့်ညပဲ။.........ပြီးတော့ ကျုပ်
အသက်19နှစ်ပြည့်တဲ့ညလည်းဖြစ်တယ်။
ဟက် ဒီညက မကောင်းတဲ့
အမှတ်တရတွေကိုပြန်သတိရစေတဲ့ညပဲ"

"..........."

"ကိုမိုးတိမ်ယံ ဒီည ခဗျား
ပြန်ပေးဆပ်ဖို့အချိန်တန်ပြီ!"

ဖုန်းထဲမှတစ်ဆင့် နားထဲသို့
အေးစက်တည်ငြိမ်စွာဝင်ရောက်လာသော
စကားများသည် တိမ်ယံ့တစ်ကိုယ်လုံးကို
ကြက်သီးမွေးညင်းများထလာစေသည်။
မှေးမှိန်နေဆဲမျက်လုံးနှစ်လုံးမှာ
အလိုလိုပြူးကျယ်လာပြီး
နှလုံးခုန်နှုန်းဟာ
ပုံန်မှန်ထက်မြန်ဆန်လာသည်။

"မင်း မင်း ဘာတွေလာပြောနေတာလဲ။
မူးနေရင်လည်း အိပ်လိုက်တော့
ပေါက်တက်ကရတွေလာပြောမနေနဲ့"

I Hate You Where stories live. Discover now