抖阴社区

???????????

3.3K 3 0
                                    

"ဟာ စိတ်ပျက်စရာပဲကွာ ဖုန်းဘေလ်ကလည်း ကုန်သွားပြန်ပြီ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟာ စိတ်ပျက်စရာပဲကွာ ဖုန်းဘေလ်ကလည်း ကုန်သွားပြန်ပြီ"

ရုံးပိတ်ရက်မို့ မိမိအိမ်လေးထဲတွင် အေးဆေးစွာ အင်တာနက် သုံးမည်ဟု ကြုံးဝါးထားကာ သုံးတောင်မသုံးရသေးဘူး ဘေလ်က ကုန်သွားသည်။ မင်းမင်းခန့်တယောက် ရေရွတ်ရင်း ငွေတသောင်းထုပ်ယူကာ ခပ်လှမ်းလှမ်းက ကုန်စုံဆိုင်လေးသို့ ထွက်လာခဲ့သည်။

သူသည် ဤရပ်ကွပ်လေးသို့ ပြောင်းရွှေ့ကာ ငှါးရမ်းနေထိုင်သည်မှာ မကြာသေးပေ။ မနက်အလုပ်သို့သွား ညပြန်အိပ်မို့လည်း သူအား လူသိပ်မသိပေ။ ခြံဝန်လေးနဲ့ တထပ်တိုက်ပုလေးက သူ့အတွက် အပန်းဖြေစရာပင် ဘေးပတ်ဝန်းကျင်မှ လူများလည်း အရောအနှော မလုပ်သောကြောင့် သက်သောင့်သက်သာ ရှိလှသည်။

ဖုန်ငွေဖြည့်ကဒ်ဝယ်ပြီး ပြန်အထွက်တွင် အိုး လှလိုက်တာ သူရင်ခုန် လောက်အောင်ပင် ကောင်မလေးမှာ လှရက်နိုင်လွန်းသည်။ အိမ်တွင်းအောင်လေးမို့ အသားရည်လေးမှာ ဝင်းဖန့်ကာ မထူမပါး မျက်ခုံလေးနှင့် မျက်နှာဝိုင်းလေးကို သူငေးကြည့်မိတာ ဘယ်လောက် ကြာသွားသည်မသိ ကောင်မလေးမှာ

"ဦး နည်းနည်းလောက် ဖယ်ပေးပါလား "

ရှက်ကို့ရှက်ကန်း အသံလေးမှာ နားဝင်ပီယံလှပေသည်။ အိမ်နေရင်း တပတ်နွမ်း လက်ပြတ်လေးနှင့် အရောင်အဆင်း မရှိတော့သော ထမီလေးနှင့် သူမ၏ခန္ဒာကိုယ် ကောက်ကြောင်းလေးများကို အပိုအလိုမရှိစေပေ။ သူလည်း ပြန်ထွက်မသွားသေးပဲ ဟိုကြည့်ဒီကြည့်နှင့် ဆိုင်မှ ပစ္စည်များအား ကိုင်ကာ သူမလေးအား ခိုးရှိုးနေတော့သည်။ ချစ်စရာသူမလေး ပြန်ထွက်မှ မသိမသာ အနောက်က လိုက်ကာ

"ညီမ ညီမ"

အနောက်မှ လှမ်းခေါ်ရာဝယ်

"ရှင် ဘာမေးမလို့လည်း ဟင်"

You've reached the end of published parts.

? Last updated: May 17, 2024 ?

Add this story to your Library to get notified about new parts!

???????????Where stories live. Discover now