抖阴社区

?????????????????????

917 48 1
                                        

သူတို့ အပြန်အလှန် နှုတ်ဆက်ပြီးတဲ့နေ့ကတည်းက မင်လဲ့ရှင်းက ဇာတ်လိုက်တို့အတန်းကို ပုံမှန်စာသင်နေပြီဖြစ်သည်

ထိုနေ့က သူ ယဲ့ရှင်းလန်အပြင် ချင်ဝူကိုလည်းတွေ့ခဲ့သေးသည်။ ထိုကောင်မလေးက အပူအပင်မရှိ‌‌ေအးချမ်းတဲ့မျက်နှာလေးနဲ့ နုပျို လန်းဆန်း‌လို့နေလေသည်။

တစ်ခုပဲ သူ ဇာတ်လိုက်မ ကို စာမေးတာဖြစ်ဖြစ် အနားသွားတာဖြစ်ဖြစ် လုပ်ရင်
ယဲ့ရှင်းလန်က ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ ကြည့်လေရှိလေသည်။ထိုအကြည့်က ဘယ်လိုပြောရမလည်း အရမ်းကြောက်ဖို့ကောင်းအောင် အေးစက်လို့နေတယ်။
သူလည်း ထိုကတည်းကနေ ချင်းဝူကို ခပ်တန်းတန်းသာ ပြန်နေရတော့သည်။
ယဲ့ရှင်းလန်က သူ့ အနာဂါတ်ဇနီးလေးနဲ့ သူ့ကို သိပ်အမနီးကပ်စေချင်ဘူးထင်တယ်။ သူလည်း သူတို့နဲ့မပတ်သပ်ချင်ပါဘူး သူတို့အထက်တန်းအောင်သွားတဲ့အထိပုံမှန်လေးသာစာသင်ပေးချင်ပါသည်။သူ့တာဝန်က ဟိုကောင်လေးကို ရှာရမှာပဲမလား ကျန်တာ သူနဲ့မပတ်သပ်ပေ။

သူ့ကိုယ်ပိုင်ရုံးခန်း လည်း ပြင်ဆင်လို့ပြီးပြီဖြစ်လို့ သူလည်း တစ်ကိုယ်ထဲ အခန်းတစ်ခုမှာ သာနေရာယူထားလိုက်တော့သည်။ ကျောင်းကဆရာတွေနဲ့ တော့ သိပ်မပတ်သတ်ချင်ပေ။ သူက မကြာခင်ပြန်ထွက်သွားရမယ့် လူဆိုတော့။

တစ်နေ့..
အဲ့နေ့က သူအတန်းချိန်မရှိဘူး။ရုံးခန်းထဲမှာ လချုပ်‌တွေနဲ့ စာသင်ဖို့ အကြောင်းတွေကို လေ့လာနေခဲ့တယ် အဲ့အချိန်
တံခါးခေါက်သံနဲ့ သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။

"ဒေါက်..ဒေါက် ဆရာမင်"

"ဟုတ်ကဲ့ ..ဝင်ခဲ့ပါ"
သူဝင်ခွင့်ပေးလိုက်သော လူတစ်ယောက်ဝင်လာလေသည်။ ထိုလူကိုမြင်တော့ သူတောင် အံ့ဩသွားရလေသည်။

"ကျောင်းသား ယဲ့ ဘာလာလုပ်တာလည်း
ထိုင်ပါဦး"

အမှန်ပင် ထိုလူက ယဲ့ရှင်းလန်ဖြစ်လေသည်။

ယဲ့ရှင်းလန်က စားပွဲရှေ့က ခုံမှ မေရာဝင်ယူပြီးတော့ စားပွဲကြိ လက်ထောက်ကာ အမည်ဖော်မရတဲ့ မျက်လုံးတွေနဲ့ နှုတ်ခမ်းကိုတွန့်ကွေးကာ

?????????? ????????!!!(system)Where stories live. Discover now