''လူဝင်စားတွေတကယ်ရှိတယ်ဆိုတာ မင်းယုံလား"
နွေနှောင်းသည် ရောင်နီ့အားနောက်ထပ်တစ်ဖန်
နားမလည်နိုင်ဟန်ဖြင့်ကြည့်မိပြန်သည်။နွေနှောင်းသည်
စကားတစ်ခွန်းမျှဖွင့်ဟမပြောမိသော်လည်း ရောင်နီသည်
စကားလမ်းကြောင်းအားဆက်လျှောက်လာ၏။
''မေမေတို့ပြောတာတော့ငါကလူဝင်စား
တစ်ယောက်တဲ့လေ"
ရောင်နီသည် သူ့လည်ပင်းသားဖြူဖြူထက်မှ
ပုရိတ်ကြိုးအားဆုပ်နယ်ရင်း
''တစ်ခါတလေကျ ငါ့ကိုလေအမည်ဖော်မရတဲ့
တစ်ယောက်ယောက်ကစောင့်နေတယ်လို့ ခံစားရတယ်သိလား၊အဲလိုခံစားရတဲ့အချိန်တိုင်း
အရမ်းငိုချင်တာပဲ"
ယခုနှစ်တွင် ရောင်နီမြင့်မိုရ်သည်၉နှစ်ဖြစ်သည်။
တစ်ယောက်ယောက်ကသူ့အားစောင့်နေသည်ဟု
ခံစားရသည့်အချိန်တွေတိုင်း ရောင်နီ့ရင်သည်
တင်းကျပ်ဆို့နင့်နေသည်အားအမြဲခံစားရတတ်သည်။
''နှောင်း"
ရောင်နီ့အားကရုဏာသက်ဖွယ်ငေးကြည့်နေမိသော
နွေနှောင်းအား မဟာမြင့်မိုရ်၏အသံကျယ်ကျယ်က
လှုပ်နှိုးသွားလေသည်။လှည့်ကြည့်မိတော့ မဟာသည်
သူ့မွေးနေ့တုန်းကနေခြည်လက်ဆောင်ပေးထားသည့်
စကိတ်ဘုတ်အားချိုင်းကြားညှပ်ထားကာ ကျန်လက်တစ်
ဖက်သည်တော့ ကလေးစီးအထိန်းပါသည့်စက်ဘီးအား
ဇက်အလယ်မှထိန်းကိုင်ထားလေ၏။
''စက်ဘီးစီးသင်ပေးမယ်လို့ပြောထားတယ်လေ
မမှတ်မိဘူးလား"
မဟာ၏လေသံသည် အလိုမကျမှုများကိန်းအောင်းနေ၏။
နွေနှောင်းသည် သီကုံးလက်စစံပယ်ပန်းများအား
ငုံ့ကြည့်ကာ
''ပန်းသီလို့မပြီးသေးဘူး"
''ဘာမှမဖြစ်ဘူး ထားခဲ့လိုက်"
''ဒါပေမဲ့"
''မသင်ဘူးဆို စက်ဘီးသွားပြန်သိမ်းလိုက်တော့မယ်"
နွေနှောင်းပုံစံသည် ဝေခွဲရခက်ဟန်ဖြင့်ချီတုံချတုံ
ဖြစ်သွားလေသည်။နွေနှောင်းဖြစ်အင်အားကြည့်ကာ
ရောင်နီသည်ခပ်ဟဟပြုံးရယ်မိလေသည်။ဤအဖြစ်အား
မဟာသည်မျက်မှောင်ကုတ်ကာကြည့်ပြီးနောက်
Part (7)
Start from the beginning
