< Maybe it's all we need >
" သတို့သား ဂင်ဆောနူသည် သတို့သား ပတ်ခ်ဆောင်ဟွန်းအပေါ်တွင် သစ္စာရှိသော လက်တွဲဖော်တစ်ယောက်အနေနှင့် ယနေ့မှစ၍ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ.. ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ.. ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ သေခြင်းတရားက ခွဲခွာစေသည်အထိ ရိုးမြေကျပေါင်းသင်းနေထိုင်သွားမည်ဟု ကျိန်ဆိုအပ်ပါသလား "
" ကျိန်ဆိုအပ်ပါတယ် "
ပြုံးယောင်သန်းနေခဲ့တဲ့ ဆောနူရဲ့ နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားချိန်တိုင်းမှာ ထွက်ပေါ်လာတဲ့ စကားသံလေးတွေက ကြည်လင်ပြတ်သားနေခဲ့တယ်။
ကောင်းကင်ကြီးကလည်း ကြည်လင်လို့ ဘုရားကျောင်းထဲကို နေရောင်ချည်တွေဖြာကျနေခဲ့တဲ့ အဲ့ဒီနေ့ ။
သဘာဝ ပန်းနုရောင်သန်းတဲ့ နှုတ်ခမ်းတစ်စုံ သူ့ဆီကို ချည်းကပ်လာခဲ့ပြီး နှာဖျားချွန်ချွန်လေးက သူ့ပါးပြင်ထက်မှာ နားခိုခဲ့တဲ့နေ့ ။
နားဝင်ချိုစရာ စန္ဒယားသံလေး တစ်ခုတည်းပဲ လေထုထဲ ပျံ့လွင့်နေခဲ့တဲ့နေ့။
လက်သူကြွယ်ထက်မှာ နေရာယူလာခဲ့တဲ့ လက်စွပ်လေးတစ်ကွင်းနဲ့အတူ အဲ့ဒီကျိန်ဆိုမှုကို ဆောနူ ပြုလုပ်ခဲ့တယ်။
အရမ်းကို ပြည့်စုံနေခဲ့လွန်းတာမို့ တစ်နေ့မှာ ဒီလိုမနက်ခင်းမျိုးနဲ့ နိုးထရမယ်ဆိုတာကိုတောင် မသိခဲ့ဘဲ ဆောနူ မျက်ဝန်းလေးတွေ မှေးကျအောင် ရယ်နေခဲ့မိတယ်။
အကယ်၍များပေါ့.... ။
အကယ်၍ အဲ့ဒီကျိန်ဆိုမှုကို ဆောနူမတည်နိုင်တော့တဲ့တစ်နေ့ ...။
ဆောနူအပြုံးတွေက ဆက်ပြီး အသက်မပါနိုင်တော့တဲ့တစ်နေ့ ...။
လက်သူကြွယ်ထက်က လက်စွပ်လေး သူ့လက်ချောင်းတွေအပေါ်မှာ ဆက်ရှိနေနိုင်ဦးမလားဆိုတာကတော့...။
_______________________________
မနက်ခင်းစောစော ဆောနူ နိုးလာတဲ့အချိန် တစ်ညလုံး ဧည့်ခန်းက ဆိုဖာထက်မှာပဲ အိပ်ပျော်သွားခဲ့တာမို့ ကိုယ်တွေ လက်တွေ ညောင်းကိုက်နာကျင်နေခဲ့ရတယ်။

YOU ARE READING
Commission Book
RandomCommission ????????? one shot ????????? ??????? update ??????? book ?? Enhypen OTP only ??