抖阴社区

???????(?)

1K 20 0
                                        

သံမဏိဖြင့် အဆင့်မြင့် ခိုင်မာစွာ တည်ဆောက်ထားသော တံခါးရှေ့ ဆိုင်ကယ်အား ရပ်ကာ ထို့နောက် ဝတ်ဆင်ထားသော လက်အိတ်ကို ချွတ်၍ တံခါး၏လက်ကိုင်တွင် လက်မအား ခပ်ဖွဖွဖိတင်လိုက်သည် ချက်ချင်းဆိုသလို တံခါးက ပွင့်ကြိုဆိုလာ၏

ထို့နောက် ဆိုင်ကယ်လေးက ခြံဝန်းထဲသို့ဝင်သွားလေသည်

၃၀ မီတာခန့်ကျယ်ဝန်း‌ေသာ ခြံဝန်းအလယ်တွင် ရေပန်းများဖြင့်အလှဆင်ထား‌ကာ ရေကန်ကြီးရှိသည် ခြံဘေးပတ်ပတ်လည်တွင် မွှေးရနံ့သင်းပျံလှသော နှင်းဆီပန်းများကို စိုက်ပျိုးထား၏

အိမ်ဘေးနားတွင်‌ ရေကူးကန်ကြီးလည်းရှိသေးတယ်

လုံခြုံရေး CCTV camera ပေါင်းမြောက်များစွာရှိ‌ေသာ သုံးထပ်တိုက်အိမ်အကျယ်ကြီးဖြစ်၏

ဆိုင်ကယ်ကို အိမ်ရှေ့နားတွင် ရပ်လိုက်ပြီး ညီအကိုနှစ်ယောက်အိမ်ထဲသို့ဝင်လာချိန်တွင် ဧည့်ခန်းထဲမှ နတ္တမမြင်ချင်ဆုံးလူက ကြိုဆိုနေ၏

"နတ္တမှိုင်း!!"ဟု အကျယ်ကြီးအော်လိုက်လေသူမှာ သူ၏ချစ်လှစွာသော ဖေဖေသာဖြစ်၏

"မင်းမျက်နှာကဘာတွေဖြစ်လာပြန်တာလဲ တစ်နေ့တစ်နေ့စောက်ပြဿနာရှာလို့ပြီးဦးမှာလား" ဒေါသတကြီး ကြမ်းတမ်းစွာပြောလာသည်

"အဖေ မှိုင်းကိုအဲ့လောက်မဆူပါနဲ့ အဲ့တာသူ့အပြစ်မဟုတ်ပါဘူး ထိုးလိုက်တဲ့ကောင်တွေကိုကျွန်တော် မနက်ဖြန်သွားသတ်မယ်"

"မင်းမပါနဲ့ စောရ မင်းဒီလို မင်းညီကိုကာကွယ်ပေးနေလို့ အဲ့ကောင်က ကန်းတတ်နေတာ  အရွယ်ကရောက်နေပြီ ဖအေအလုပ်ကိုကူရမယ်မှန်းမသိဘူး "ဟု နတ္တအား လက်ညိုးငေါက်ငေါက်ထိုးကာပြောလာ၏

ဒီလိုအချိန်တွေကိုသူမဆန်း‌ေတာ့ပါဘူး သူ့ကိုဆို အမြဲဒီလိုဆူဆဲနေကြပဲလေ အဖေ့ရဲ့အသိအမှတ်ပြုမှုကို လိုချင်ပေမယ့် သူဒီဘဝ‌
‌ေတာ့မရနိုင်တော့ဘူးပေါ့

ထို့နောက်အဖေဖြစ်သူအား လျစ်လျူရှုကာ အပေါ်ထပ်အိပ်ခန်းဆီကိုသာ သွာလိုက်၏ အဖေရဲ့ စကားလုံးတွေကို သူထပ်မကြားချင်တော့ပေ။

"???????" (MIRAGE)Where stories live. Discover now