抖阴社区

Part 5 ?

4.8K 262 8
                                    

(Unicode)

"ပါးပါးမြန်မြန်လုပ်ပေး နောက်ကြမယ်"

"ပြီးပါပြီးဗျ ပြီးပါပြီး ကြည့်ပါဦး ပါးပါးရဲ့အသဲလေးကတော့ သားရဲ့ဒယ်ဒီထက်တောင်ပိုချောနေသေးတယ်"

လေယာဉ်ကွင်းမှာရိပေါ်ကိုသွားကြိုဖို့အတွက် တက်ကြွနေတဲ့ လီယိုကိုပြင်ဆင်ပေးရင်ရှောင်းကျန့်ကပြောလိုက်တော့ သွားတွေအကုန်ပေါ်တဲ့အထိ လီယိုကသူကိုပြန်ရယ်ပြလာတယ်။ ပုံမှန်ဆို ကျောင်းချိန်နီးတာတောင်မထချင်တဲ့ လီယိုက ဒီနေ့မှာတော့ သူထက်တောင်စောပြီး‌နိုးနေသေးတယ်။

အစကတော့လေယာဉ်ကွင်းမှာ ရိပေါ်ကိုသွားကြိုမယ့်အချိန် ကလေးတဖက်နဲ့အဆင်မပြေတာကြောင့် ရှောင်းကျန့်က လီယိုကိုခေါ်သွားဖို့အစီအစဉ်မရှိဘူး။ ဒါပေမယ့် တိုက်တိုက်ဆိုက်ဆိုက်ရိပေါ်ပြန်လာမယ်ရက်ကကျောင်းပိတ်ရက်ဖြစ်နေတဲ့အပြင် ရိပေါ်ကိုသွားကြို့မယ်အကြောင်း လီယိုကသိသွားပြီး အတင်းလိုက်ချင်းကြောင်းပူဆာတာကြောင့် လီယိုကိုပါခေါ်ဆောင်ဖို့ဖြစ်လာတယ်။

"ပါးပါး ဒယ်ဒီကိုတွေ့ရမှာမို့ထင်တယ် သားတအားစိတ်လှုပ်ရှားနေတယ် ဒီနေရာကတောင်တအားခုန်နေတာ သိလား"

လီယိုကသူလက်ကိုကိုင်ကာရင်ဖက်ပေါ်တင်ပေးရင် သူစိတ်လှုပ်ရှား‌နေတာကြောင့် နှလုံးခုန်နှုန်းအရမ်းမြန်နေကြောင်းပြတယ်။

"သားဒယ်ဒီကိုပါးပါးပထမဆုံးသွားတွေ့တဲ့အချိန်တုန်းကလည်း ဒီလိုပဲစိတ်လှုပ်ရှားနေခဲ့တာ"

ပုံမှန်ထက်နှလုံးခုန်နှုန်းမြန်နေတဲ့ Leo ကိုကြည့်ကာ ရှောင်းကျန့်ကပြုံးမိရင် ပြန်ဖြေတယ်။ တကယ်လည်းရိပေါ်ကိုသူထမဆုံးတွေ့ခွင့်ရတုန်းက လက်တွေ ခြေတွေအေးစက်တဲ့အထိကိုစိတ်လှုပ်ရှားနေခဲ့တာမလား။

အားလုံးပြင်ဆင်ပြီးနောက် ရှောင်းကျန့်ကအသစ်စက်စက်ဝယ်ထားတဲ့ကင်မရာကို လည်ပင်းမှာဆွဲလိုက်ပြီး Leo ကိုခေါ်ကာ တိုက်ခန်းကနေ လေယာဉ်ကွင်းစီထွက်လာလိုက်တယ်။ ညကမှ Leo နဲ့အတူလုပ်ထားတဲ့ ^ Welcome To Home Wang Yibo ^ ဆိုတဲ့လက်ကိုင်ဆိုင်းဘုတ်အသလေးကလည်း မပါမဖြစ်ပေါ့။

My Baby's Father is My Idol (Completed)Where stories live. Discover now