抖阴社区

Chapter 1

46 6 1
                                    

"ကင်မ်ဂျွန်ကယူ ဘာလုပ်နေတာလဲ မြန်မြန်လုပ်လေကွာ
ဟိုကောင် ယွန်းဂျယ်ဟျော့ စာပို့လာတယ် တော်တော်များများတောင်ရောက်နေကြပြီတဲ့ ငါတို့နှစ်ယောက် နောက်မကျအောင် အခုတည်းက ထွက်မှဖြစ်မယ်ထင်တယ်"

ပွစိပွစိ နှင့် ပေါက်ပေါက်ဖောက်ကာ မှန်ရှေ့သူ့ဆံပင်လာကြည့်လိုက် ပြေးသွားပြန်ပြီး ဖိနပ်ရှာရင်း ထပ်အော်ပြန်တယ် မြန်မြန်လုပ်တဲ့

နောက်တစ်ခါမှန်​ရှေ့ ကိုပြန်လာပြန်ပြီး နှုတ်ခမ်း အဆီ
အရောင်မပါတဲ့ သူသုံးနေကျ ဘူးကို အိတ်ထဲကနေ
ထုတ်ကာ နှုတ်ခမ်းမှာလိမ်းလိုက်ပြီး ထပ်ပြောပြန်တယ်

"ဂျွန်ကယူရား မပြီးသေးဘူးလား"

အမှန်ဆို ဂျွန်ကယူ သူ့အိမ်မှာ ညအိပ်ဖြစ်မှာမဟုတ်
အခုက ပွဲဆီကို အတူသွားမယ့်သူမရှိတဲ့အပြင်
ကျောင်းတုန်းက သူငယ်ချင်းတွေထဲ ခုချိန်ထိ သူနဲ့
ရင်းရင်းနီးနီး ရှိနေသူဆိုလို့ ပတ်ဂျီဟွန်း
တစ်ယောက်သာ ရှိသည်

ကင်ဂျွန်ကယူ ဒီလျှပ်စီးပစ်ကို သည်းခံစိတ်ကုန်ခဲ့တာ သူငယ်ချင်းစဖြစ်ကတည်းကပါပဲ

ပတ်ဂျီဟွန်း ကတော့ ငါးမိနစ်လောက် ထိုအတိုင်း ပြောဆိုပေါက်ပေါက်ဖောက်နေတော့သည်
နောက်မှ ဂျွန်ကယူ့ ထံမှ တုံ့ပြန်မှု ဘာသံမှ မကြားလို့
ဘေးဘီကို ကြည့်လိုက်တော့
သူငယ်ချင်းဖြစ်သူက မရှိ ဂျီဟွန်း တစ်ယောက် ငါးစက္ကန့်မှတ်ဥာဏ်ပျောက်သွားပြီး လိုက်ရှာကာမှ
သူ၏သူငယ်ချင်းဖြစ်သူဟာ
အိမ်ပြင်က ကြိုထုတ်ထားပြီးတဲ့ သူ့ကားကိုမှီရက်
ဖုန်းသုံးနေလေသည်

တကယ်တော့ မပြီးနိုင်သေးတာက သူဖြစ်နေတာပဲ

ဂျွန်ကယူ ထို ပတ်ဂျီဟွန်း ဆိုတဲ့ လျှပ်ပြာကောင် သူ့အားလှမ်းကြည့်တာကို မြင်လိုက်ချိန် ဘာမှမပြောဘဲ side eyes တချို့သာ ပစ်ကျွေး လိုက်သည်
ထိုအခါမှ ဆရာသမား ကိုယ့်အကြောင်းကိုယ်သိပြီး
တံခါး အမြန်သော့ပိတ် အလောသုံးဆယ်နဲ့ ထွက်လာကာ သွားဖြီးပြလာပြီးမှ

"ဟီး သွားကြမယ်လေ ငါမောင်းရမလား"

ပုံမှန်ဆို ဂျွန်ကယူအနေနှင့် သူ့ကိုယ်သူသာ ယုံကြည်ပြီး ကားမောင်းတတ်သော်လည်း ယခုအချိန်မှာမူ စိတ်လှုပ်ရှားကာ ရင်တုန်နေသည် လူစုလူေ၀းရှိရာ သွားလေ့သွားထမရှိသူမို့ အပြင်လောက နှင့်ထိတွေ့ခြင်းဟာ
ဂျွန်ကယူ့ အတွက် အသစ်ဆန်းလို အမြဲရင်တုန်စေရပါသည်

?????????????? ??????????? (Find Me In Your Memories) [Completed]Where stories live. Discover now