抖阴社区

part 42

3.8K 233 23
                                        


"ဒီလိုပဲကျန်နေခဲ့တော့မှာလား ။တကယ်တားဖို့အစီအစဉ်မရှိဘူးလား ။"

သွေး တကယ်ကိုစိတ်ပျက်စွာနှင့်ပြောမိပြန်ပါသည် ။သူတို့သူငယ်ချင်းနှစ်ဦးကြားမှာ စိတ်ခုစရာ‌‌ေတွရှိနေပေ‌မယ့် ဒီလိုမျိုးကြီးထိတော့သူလျစ်လျူမရှုနိုင် ။

"သဏ္ဌန် !ခုချိန်လိုက်မသွားရင် တကယ်မမှီတော့ဘူးနော် ။လက်လွှတ်တော့မလို့လား ။"

ပြိုလဲနေတာတောင် အဆုံးထိတင်းခံနေသည့် သူ့စိတ်ကို ‌အားမလိုအားမရဖြစ်မိသည် ။ ကြားထဲကနေ မဆီမဆိုင် သူတို့အစားပူလောင်နေမိသည့် ကိုယ့်အဖြစ်ကိုတောင်သနားမိလာသည် ။

"နင်ကဘာဖြစ်စေချင်တာလဲ ။ သူတောင် ထားခဲ့နိုင်သေးတာ ငါကဘာလို့မနေနိုင်ရမှာလဲ ဟမ် ။"

"အေး နင်ဒီလိုစောက်မာနထားနေလို့လည်း အရင်တစ်ယောက်နဲ့သေကွဲကွဲရတာမဟုတ်လား ။အခုလည်း ရှင်ကွဲ....

"အငယ် !!

မရည်ရွယ်ခဲ့ဘူး ၊ဒီလောက်ထိ ပြောထွက်ဖို့ကို ။ဒါပေမယ့်လည်း မုဒွိသဏ္ဌန်ဟာ ဒီလိုဆွပေးမှပဲဖြစ်တော့မည် ။ဆုံးအောင်မပြောလိုက်ရပေမယ့် ဘာကိုဆိုလိုချင်လဲဆိုတာ မုဒွိသဏ္ဌန်ကနားလည်စွာဖြင့် စူးစူးရဲရဲကြည့်ကာ

"ငါ့စိတ်ကို ဆွနေလဲ ဘာမှမထူးဘူး လွန်းသွေးငယ် !!
ငါရှိနေလျက်နဲ့ အဲ့ယောက်ျားအပေါ်တွယ်တာနေသေးတဲ့ အဲ့မိန်းမကိုမုန်းတယ် ၊ဘာဖြေရှင်းချက်လေးမှမပေးပဲ ထွက်သွားတာကိုရော မုန်းတယ် ၊တစ်ယောက်တည်းထားခဲ့ရက်တာကိုလည်း မုန်းတယ်လို့ ..!

"အဲ့မိန်းမနောက်ကိုပဲ အရှက်မရှိပြေးလိုက်ချင်နေတဲ့ဒီခြေထောက်တွေကိုလည်းမုန်းတယ် မုန်းတယ်လို့ ဟင့် ဟင့် !!အားးးးးး ...

"အို့ မလုပ်ပါနဲ့ကွယ် ။ဒီလိုမျိုးကြီးတော့ ကိုယ့်ကိုယ်ကိုမညှင်းဆဲပါနဲ့ သဏ္ဌန်လေးရယ်။"

ပြောလည်းပြောရင်း သူ့ခြေထောက်တွေအား ထုရိုက်နေသည့် သဏ္ဌန့်ကို ကြောင်ပြီးကြည့်နေမိသည် ။ အစကတော့ လိုက်မတားလို့ သွေးအေးလွန်းလှပြီထင်နေတာ တကယ်တော့သူကဘယ်ဟုတ်မလဲ မာနတွေကြောင့် တင်းခံနေခဲ့တာပေါ့လေ ။သူ့သူငယ်ချင်းမာနကြီးတာသိပေမယ့် ဒီလောက်ကြီးထိ မိုက်ရှုးရဲဆန်လိမ့်မယ်မထင်ခဲ့ ။နောက်လှည့်မကြည့်စတမ်းထွက်သွားသည့် တီတီဟာလည်းတကယ်ရက်စက်တာပဲ ။ဒါပထမဦးဆုံးအကြိမ် သွေး တီတီ့ကိုအပြစ်တင်မိတာပင် ။

?????????? ??????Where stories live. Discover now