" ဘယ်သူ့ရည်းစားလေးမလို့ဒီလောက်လှနေတာပါလိမ့် "
သူစိတ်တိုင်းကျတပ်ပေးထားတဲ့ပန်းသဖူလေးကချွမ်ရွေ့ခေါင်းပေါ်မှာ။ချစ်ရည်ရွမ်းတဲ့မျက်လုံးတွေနဲ့ကြည့်လာတဲ့ဂယူဘင်းကိုကြည့်ရင်းချွမ်ရွေ့ရင်ထဲတသိမ့်သိမ့်။သူဟာဒီလောက်အထိအချစ်ခံရတဲ့လူပါလားလို့တွေးမိသွားစေသည်မို့။
" တစ်ကယ့်ကိုလိုက်ဖက်နေတာပဲနော် "
ဓာတ်ပုံstudioရဲ့ကိုယ်လုံးပေါ်မှန်မှာပေါ်နေတာကခွေးနားရွက်စကုပ်လေးတပ်ထားတဲ့ဂယူဘင်းနဲ့ပန်းသရဖူလေးဆောင်းထားတဲ့ချွမ်ရွေ့။
" အာ အခုပိုလိုက်သွားပြီ "
ချွမ်ရွေ့ခေါင်းပေါ်ကပန်းသရဖူအစားကြောင်နားရွက်အဖြူရောင်လေးကိုပြောင်းတပ်ပေးလာရင်းသူ့ဘာသာရေရွတ်သည်။ပုံလေးတစ်ခါရိုက်ဖို့အရမ်းစိတ်လှုပ်ရှားနေတဲ့ဂယူဘင်းကိုသူ့စိတ်တိုင်းကျရွေးခွင့်သာပေးထားလိုက်ပါ၏။
" ချစ်ဖို့ကောင်းလိုက်တာ "
အိပ်ယာပေါ်မှာလူးလိမ့်နေရင်းချွမ်ရွေ့နဲ့အတူရိုက်လာတဲ့4cutsပုံကိုဂယူဘင်းကလက်ထဲကမချဖြစ်နေသည်။
" ရွေ့ရွေ့ကိုလွမ်းလိုက်တာ "
သူနမ်းလိုက်တဲ့အချိန်ပါးလေးဖောင်းပေးထားတဲ့ချွမ်ရွေ့ပုံလေးကိုလက်လေးနဲ့ထိရင်းရေရွတ်သည်။မနက်ခင်းကျောင်းရှိသေးသည်နှင့်ကြာကြာပင်မလည်လိုက်ရ။ကားစီးရင်း၊ဓာတ်ပုံရိုက်ပြီးပြီးချင်းအိမ်ပြန်ခဲ့ရသည်။
" ရွေ့ရွေ့ကိုတွေ့ချင်တယ်လို့! "
📱ရွေ့ရွေ့
ကုတင်ပေါ်မှာသောင်းကျန်းနေရင်းဖုန်းဝင်လာတော့နာမည်ကိုကြည့်ပြီးတာနဲ့ဂယူဘင်းမျက်နှာမှာမှိုရသလိုပြုံးဖြီးသွားသည်။
" ရွေ့ရွေ့ရဲ့ပူပူနွေးနွေးကောင်လေးပါ ရည်းစားလေးကိုလွမ်းလို့ဖုန်းဆက်လာတာပါလား ခင်ဗျာ "
" ကောင်လေးကပစ်ထားလို့ မနေနိုင်တဲ့လူကဆက်ရတာပေါ့ "
" မဟုတ်တာ ငါကရွေ့ရွေ့စာကြည့်တာအနှောင့်အယှက်ဖြစ်မစိုးလို့ကို.... "

YOU ARE READING
MELTING FOR U
Fanfiction??????????????????????????????????????Rollercoaster......? Melting Point