抖阴社区

-12?-

44 6 0
                                    

ဘူဆန်မသွားခင်တစ်ရက်အလို~

ဆောင်းဟွန်း၏ညီတစ်ဝမ်းကွဲက ဂျပန်ကနေလာမည်ဖြစ်တာကြောင့် အခုနှစ်ယောက်လုံးလေဆိပ်တွင်လာစောင့်နေရခြင်း..။

ညီတစ်ဝမ်းကွဲဆိုလို့ကိုရီးယားကပဲထင်ထားပေမဲ့ အမေဘက်ကတော်စပ်ပြီး ဂျပန်လူမျိုးနဲ့အိမ်ထောင်ကျတာကြောင့် ဂျပန်မှာပဲနေတာဖြစ်ကြောင်း သိလိုက်ရသည်။

နာရီဝက်လောက်စောင့်အပီးမှာတော့ ဆောင်းဟွန်းလက်လှမ်းပြသည့်လူကိုကြည့်လိုက်တော့

laggage တစ်လုံးရယ် ဘေးလွယ်ထားတဲ့အိတ်အနက်ရယ် လည်သာအင်္ကျီ ၊ baggy jeans ရယ်နှင့် နေကာမျက်မှန်က ပါသေးသည်။

ဆံပင်မှာလည်း mullet haircut ကိုအရှေ့မှာပုံသွင်းကာလှန်တင်ထားသည်။

အဝေးကကြည့်ရုံနဲ့တောင် အတော်ကြည့်ကောင်းတဲ့ထဲပါမှန်းသိသာပါသည်။

ထိုလူကလည်းလက်ပြန်ပြကာ အနားလျှောက်လာရင်း

"Hey bro! "

"yep..bro"

နှုတ်ဆက်နေကြသည့်ပုံစံမှာ လက်ဆွဲနှုတ်ဆက်ရင်းဆွဲကာ ပုခုံးချင်းတိုက်ကြသည့် ယောက်ျားလေးတိုင်းနှုတ်ဆက်ကြသည့်နည်းလိုပါပင်။

ပြီးမှ ဂျယ်ယွန်းဘက်လှည့်လာကာကြည့်ပြီး အံ့ဩတကြီးဖြစ်သွားပြီး လက်ညှိုးတထိုးထိုးဖြစ်လာသည့်အဲ့ဒီလူ

"အယ် ဂျယ်ယွန်းဟျောင်း..? "
"ဟျောင်းကဘယ်လိုလုပ်ပြီး.."

ဂျယ်ယွန်းမှာကြောင်သွားရသည်။ အယ်..ဒီလူကသူ့ကိုဘယ်လိုလုပ်သိရတာလဲ..?

ထိုလူကမျက်မှန်ချွတ်ကာနှုတ်ဆက်လာမှ ဂျယ်ယွန်းလည်း အံ့ဩသွားရသည်။ ဘယ်လိုရေစက်လဲ..ဒါက။

"ဟင်..မင်း..နီခီ..နီရှီမူရာ ရီခီ"

"ဟုတ်..ကျွန်တော် နီရှီမူရာ ရီခီလေ ဟျောင်း"

ကြားထဲကဆောင်းဟွန်းကတော့ ဟိုကကည့်လိုက်ဒီကြည့်လိုက်ဖြင့် အူကြောင်ကြားလေးသာ

"ဒါဆိုမင်းက ဆောင်းဟွန်းရဲ့ညီတစ်ဝမ်းကွဲဆိုတာလား.."

"အင်း..ဒါဆို ဟျောင်းကလည်း ဆောင်းဟွန်းဟျောင်းခနခနလာလာကြွားနေတဲ့ သူ့အသေးလေးဆိုတာပေါ့ ဟားဟား"

Love's Gentle FadeWhere stories live. Discover now