ဧည့်ခန်းတွင် ကောင်မလေးတစ်ယောက်သည် ဆိုဖာပေါ်တွင် စိတ်ညစ်စွာ ထိုင်နေသည် ကို june မီးဖိုခန်းမှ တွေ့နေရသည် ဘာဖြစ်တာလဲ သိဖို့ သူမ ထိုကောင်မလေးဆီ ဉီးတည်သွားပြီး
"View ဘာဖြစ်တာလဲ"
"အ..june viewတောင်းပန်ပါတယ်နော် View အလုပ်ထွက်လိုက်ပြီ"
"ဟမ် viewကလဲ အလုပ်ထွက်တာက ဘာများစိတ်ညစ်ဖို့ကောင်းလို့ view လို လူတော် ကို လူတိုင်းက လိုချင်နေတာကို အသစ်ပြန်ရှာတာ လွယ်မှာပါ"
"မဟုတ်ဘူး june ရဲ့ view .. .. company ကိုပါ အကြွေးတင်သွားတာ"
"ဟမ် အကြွေးတင်တာ ဘာလို့လဲ View, View ကဘာလုပ်လို့ ပြီးတော့ဘယ်လိုလုပ်ပြီး အကြွေး တင်သွားတာလဲ"
"ဟိုလေ.. .. .. View ဆေးရုံက ဆေးတွေကို ခိုးပြီးတော့.. သွား..သွားရောင်းတာပါ ပြီးတော့ အဲ့တာကလဲ view ပိုက်ဆံလို လို့ပါ"
"View , View ပိုက်ဆံလိုတာ ဘာလို့ june ကို မပြောတာလဲ ပြီးတော့ view ပေးရမဲ့ အကြွေးက ဘယ်လောက်လဲ"
" ဘတ် သိန်းခြောက်ထောင်"
"ဟမ် view !!!! ရူးနေပြီလား သိန်းခြောက်ထောင် နင်ဘာသွားလုပ်တာလဲ အဲ့ပိုက်ဆံနဲ့"
သူမ တော်တော် စိတ်တိုမိသည် ဘတ် သိန်းခြောက်ထောင်ဆိုတာ မနည်းဘူးလေ.. ..
" View တောင်းပန်ပါတယ်"
သူမ ဘယ်လောက် ပဲတောင်းပန်နေပါစေလေ ဒီလို အခြေအနေမျိုးမှာ ဘယ်သူက စိတ်မဆိုးပဲ နေနိုင်မှာလဲ
"View ဒီမှာ တောင်းပန်တာနဲ့ အရာအားလုံးပြီး သွားရော လား ဟမ်? နင်ဘာလုပ်ခဲ့တယ် ဆိုတာ ငါ့ကိုတော့ ပြောပြသင့်တယ် မဟုတ်ဘူးလား ငါက နင့်အတွက်ဘာလဲ ဟမ်?"
View သည် June ၏လက်ကို ကိုင်ပြီး
"june ကိုယ်တောင်းပန်ပါတယ်နော် ပြီးတော့ အဲ့ပိုက်ဆံတွေကို View က အသစ်ဖွင့်မဲ့ ဆေးဝါးcompany မှာရင်းနှီးမြုတ်နှံ လိုက်တာပါ ဒါပေမဲ့ အဲ့ company က မထူနိုင်သေးခင် ပြုတ်သွားတော့ ကိုယ်လဲ ဘာမှ မတတ်နိုင်ဘူးလေ.. .. ကိုယ်တောင်းပန်ပါတယ်နော် june မင်းကိုယ့်ဘေးမှာပဲ ထပ်ရှိပေးနေအုံးမှာ မှတ်လား"
June သည် ထိုကောင်မလေးကို တော်တော် စိတ်ဆိုးနေသည် သို့သော် ဒီလို အခြေအနေကြီးမှာ စိတ်ဆိုးလဲ ဘာမှရမှာ မဟုတ်ကြောင်း သူသိလို့ ဒီတိုင်း အတူတူ ရငိဆိုင်သွားဖို့ သူမ ဆုံးဖြတ်လိုက်သည်
"အင်း..ဒါပေမဲ့ နောက်တစ်ခါကျရင် view တစ်ခုခုမယ်ဆိုရင် juneကို အရင်ပြောပြရမယ်နော်"
"အွန်း ကိုယ်ကတိ ပေးပါတယ်"
———————
နောက်နေ့တွင် သူတို့နှစ်ဉီးသည် View ၏အိမ်ကို ရောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်သည် အဲ့တာမှ သူတို့အကြွေး မြန်မြန်ကြေမှာလေ အိမ်ကို ရောင်းလိုက်တော့ view လဲ june ရဲ့အိမ်မှာ ကပ်နေရပြန်သည်
"ပါးပါး ဒီနေ့ ဘာဟင်းရှိလဲ" view သည် june ၏ အဖေကို မီးဖိုချောင်အဝင်မှ အော်ပြောလိုက်သည်
"ငါ့ကို ပါးပါးလို့ လာမခေါ်နဲ့ ငါ့မှာ သမီးတစ်ယောက်ပဲ ရှိတယ်"
View စိတ်မကောင်းဖြစ်မိသည် သူမသည် အိမ်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေသလို ပင်
သို့သော် သူမတွင် ရွှေးချယ်စရာ မရှိပေ
viewအလုပ်သွားပြီးခနအကြာတော့
"အာဝ် Tu အိမ်ကို ဘာလာ လုပ်တာလဲ"
"ဟိုဟာလေ June ပြောရမှာ အားနာပေမဲ့လေ ဟို view ဆီက အကြွေး လာတောင်း တာပါ prim ခွဲစိတ်ရ မှာမို့ ငါလဲ ပိုက်ဆံလိုနေလို့ပါဟာ"
"view နင့်ဆီ ဘယ်လောက်ယူထားတာလဲ"
"ဘတ်သုံးသိန်း"
june တော်တော်လန့်သွားသည် သို့သော် june မှာ သူ့အိမ်မက်ဖြစ်တဲ့ ကော်ဖီဆိုင် ဖွင့်ဖို့ စုထားတဲ့ ဘတ်သုံးသိန်းတော့ရှိသည်
" ရော့ tu "
"နားလည်ပေးလို့ ကျေးဇူးတင် ပါတယ် june ရယ် ငါနင့် သူငယ်ချင်း တစ်ယောက်အနေနဲ့ view ကို လမ်းခွဲဖို့ ငါအကြံပေး ပါရစေ မဟုတ်ရင် နင့်အနာဂါတ်က စုတ်ပြတ်သတ်သွားလိမ့်မယ်"
" အွန်းပါ"
june သည်လဲ ဘာမှ မပြောချင်တာကြောင့် ခေါင်းသာ ငြိမ့်နေသည် သူကို view နဲ့လမ်းခွဲဖို့ ပြောတာ လူပေါင်းမနည်း တော့ဘူးလေ.. ..
————————————————
june:View လမ်းခွဲကြရအောင်
view: ဘာလို့လဲ June ရဲ့
June : June ဆက်မသွားနိုင်တော့ဘူး view .. ရှင့်ကို ချစ်တာမှန်ပေမဲ့ တစ်ခါတစ်လေ အချစ်တစ်ခုတည်းနဲ့ ဘဝ က ရှေ့ဆက်လို့ မရဘူးဆိုတာ ရှင့် ကို သိစေချင်တယ်
ကျွန်မဒီထက် သီးမခံနိုင်တော့ဘူး အခုကနေစပြီးတော့ ကျွန်မ တို့မပတ်သတ်ပဲ နေကြရအောင်
View : June ကျေးဇူးပြုပြီး.. တစ်ခါလောက်..
June : တော်တော့ view အခုကနေစပြီးတော့ ရှင်နဲ့ ကျွန်မနဲ့ ဘာမှ မပတ်သတ်တော့ဘူး
June သည်စကားဆုံးပြီးနောက် အခန်းထဲမှ ထွက်သွားသည် ၊ ထွက်သွားသော ကျောပြင်သာ တွေ့နေရသည့် view သည်သူမ၏ နာကျည်းမှုနှင့်ပြည့်နေသည့် မျက်ရည်များကို မမြင်နိုင် ခဲ့ပါ
View pov : ကိုယ်ဘာများ မှားခဲ့တာ လဲ အချစ်ရယ် မင်းပြောတော့ ကိုယ်ဘာပဲ ဖြစ်နေပါစေ ထားမသွား ဘူးဆို ? ကိုယ့်အခြေအနေက ခက်ခဲနေတာ မှန်ပေမဲ့ ဘာလို့ အချစ် ကြောင့် ဘဝကို ရှေ့မဆက် နိုင်ရမှာလဲ မင်းပြောတော့ ဘာအခဲအခဲပဲ ရှိရှိ ကိုယ် နဲ့အတူ ရင်ဆိုင်မယ်ဆို မင်း အဲ့ကတိတွေကို မေ့သွားပြီလား.. .. .. ကိုယ့်ရဲ့ နှလုံးသားက အလင်းရောင် မကျန်တော့တဲ့ အမှောင်ခန်း သာသာ ဖြစ်နေရတော့မှာလား တကယ်ပဲ ကိုယ်တို့ ဇာတ်လမ်း အဲ့လိုနဲ့ ပြီး သွားတော့ မှာလား.. ..
—————-
မအားတဲ့ကြားက ရေးပြီး up ပေးလိုက်ပြီနော်😭 khun View ရဲ့ ig story ကို တွေ့မိကြသေးလား
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. လမင်းကြီးက ပြုံးပြနေတယ် အိုက်စ်
( ကျွန်မရဲ့ ဖုန်းအားလဲ ဘယ်တော့ မှ 20% မကျော် ဘူး 🥹🙏)
