抖阴社区

Never Let You Go

117 18 0
                                    

Uni

"ထွက်သွား!"

"ဟွန်းနီး"

"ကျေးဇူးပြုပြီး ထွက်သွားပေးစမ်းပါ ဂွမ်ဆွန်းယောင်း! မင်းရှိနေရင် ပိုစိတ်ရှုပ်ရတာမလို့"

အခန်းအတွင်းတိတ်ဆိတ်သွားရသည်။

10စက္ကန့်တိတိ တိတ်ဆိတ်သွားသောအခန်းအတွင်း ဆွန်းယောင်းသက်ပြင်းချသံသည်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

"ဟုတ်ပြီ အရင်ဆုံး ကိုယ်ထွက်သွားပေးမှာမလို့ ဒီအတောအတွင်းသေချာအနားယူလိုက်"

ထို့နောက် ဆွန်းယောင်း သူ့အားမျက်နှာလွှဲထားသောဂျီဟွန်းအားတစ်ချက်ကြည့်ကာ အခန်းအတွင်းမှထွက်သွားလိုက်သည်။
.
.
.
.
.

တံခါးပိတ်သံခပ်သဲ့သဲ့အား ကြားပြီဆိုကာမှ တောင့်ခံထားသောခြေထောက်များသည် တုန်ယင်ကာကြမ်းပြင်ပေါ်သို့လဲကျသွားသည်။

လွန်ခဲ့တဲ့နာရီဝက်လောက်ကအထိအဆင်ပြေနေသောအခန်းငယ်သည် အခုတော့ဖြင့် ရှိုက်သံအနည်းငယ်လွှမ်းခြုံနေလို့။

"အင့်"

-------------------------------

လွန်ခဲ့သောနှစ်ပတ်ခန့်

Monday 2:00a.m.
"✉️: ထင်ထားတာထက်ပိုပြီးကောင်းကောင်းနေ,နေတာပဲ"

Tuesday 3:30a.m.
"✉️: အခြားသူရဲ့ဘဝကိုဖျက်ဆီးပြီးတော့ တစ်ကယ်ကိုအပူအပင်မရှိပဲရှင်သန်နေတဲ့ပုံစံက အရမ်းမုန်းစရာကောင်းတယ်"

Wednesday 11:45p.m.
"✉️: တစ်ထပ်တည်းပြန်ခံစားရအောင်လုပ်ပေးရမလား"

Thursday 2:22a.m.
"✉️: ဂွမ်ဆွန်းယောင်း"

Friday 12:00p.m.
"✉️: ဂွမ်ဆွန်းယောင်းကိုဆုံးရှုံးရမှာကြောက်တယ်မလား"

အမည်မသိလူတစ်ယောက်ဆီကနေ ဂျီဟွန်း messages များရနေသည်မှာ၅ရက်တိတိရှိပြီ။ သို့သော် ၅ရက်ကျော်လွန်ပြီးတဲ့နောက်ရက်မှစပြီးမည်သည့်စာမှပို့မလာတော့သည်က ဂျီဟွန်းအား ပို၍ရတတ်မအေးဖြစ်စေပါသည်။

ဘယ်သူပါလဲဟုအကြိမ်ကြိမ်အခါခါမေးခဲ့ပါသော်လည်း တစ်ဖက်မှပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ ဒါဟာဘယ်လိုပဟေဠိမျိုးပါလဲ။

You've reached the end of published parts.

? Last updated: May 03 ?

Add this story to your Library to get notified about new parts!

Never Let You Go Where stories live. Discover now