抖阴社区

???????(??)

101 12 1
                                    

သီတင်းကျွတ်အားလပ်ရက်များမှာ မျက်စိတစ်မှိတ်အတွင်း လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့၏။
ကျောင်းသားများ၏
ညည်းညူသံများစကားသံများကြားတွင်
ကျောင်းကြီးသည် တစ်ဖန်ပြန်စည်လာလေသည်။
မိုးအကုန် ဆောင်းအကူးကာလတွင်
ကျောင်းသားများသည် အနွေးထည်ရောင်စုံများ၊
လက်ရှည်အဆင်အဆန်းများဖြင့်
သစ်လွင်လျှက်ရှိပေသည်။ သူသူငါငါ အင်္ကျီဖက်ရှင် ပြိုင်နေကြသည့်အထဲတွင် သစ္စာမင်းညီမှာ ကျောင်းစိမ်းအင်္ကျီလက်တိုနှင့်...။

အခုလည်း ဟိုပြေးလိုက်၊သည်ပြေးလိုက်နှင့် တစ်ယောက်တည်း ဘာတွေအလုပ်ရှုပ်နေသည်မသိ။
စေညွှန်းတမန် အလိုမကျဟန်ဖြင့် မျက်ခုံးများကို တွန့်ချိုးထားမိသည်။
သစ္စာမင်းညီ အတန်းထဲ ပြန်ဝင်လာသောအခါ သူ၏အင်္ကျီစကိုဆွဲထားကာ ‌မေးလိုက်သည်။

"ဘယ်တွေသွားနေတာလဲ..."

စေညွှန်းတမန်မေးလိုက်သောအခါ

"ဟို...ကထိန်အတွက် ပဒေသာပင်နဲ့
ပစ္စည်းတွေကူသယ်ပေးနေတာ"

တန်ဆောင်မုန်းလ၏ ပြယုဂ်တစ်ခုဖြစ်သည့် ကထိန်ပွဲအတွက် အတန်းတိုင်းလိုလိုပြင်ဆင်လျှက်ရှိလေသည်။
အထက်တန်းများမှာ စာနှင့်လုံးပမ်းလျှက်ရှိသောကြောင့်
အလယ်တန်းတွင် အကြီးဆုံးဖြစ်သည့် သစ္စာမင်းညီတို့ရှစ်တန်းများက ဦးဆောင်ကြရသည်။
ထို့ကြောင့်ပင် ပျားပန်းခတ်သလို ဟိုကူးလိုက် သည်ကူးလိုက်နှင့် အလုပ်များနေခြင်းဖြစ်သည်။

"ထားပါတော့ အနွေးထည်ကဘာလို့မဝတ်တာလဲ
အင်္ကျီလက်တိုလေးနဲ့...အအေးတွေပတ်ကုန်တော့မှာပဲ"

စေညွှန်းတမန် complain တက်သောအခါ
သစ္စာမင်းညီက ချက်ချင်းပင်ဖြေရှင်းချက်ထုတ်လာသည်။

"လူက လှုပ်လှုပ် လှုပ်လှုပ် သွားနေတာဆိုတော့
ချွေးထွက်လာတာနဲ့ ခနချွတ်ထားလိုက်တာ
သိပ်မအေးတော့ပါဘူး"

"ပြန်ဝတ်ထားလိုက် နော် လိမ္မာတယ်"

စေညွှန်းတမန်၏ အမိန့်ပေးမှုနှင့် ချိုမြမှုတို့ အချိုးကျစွာ
ရောစပ်ထားသောစကားသံသည် ဖြေးဖြေးအေးအေးလေးနှင့် သူ့နားထဲသို့ ဝင်ရောက်သွားသည်။ထိုအခါ ကြားလိုက်ရသူမှာ နာခံလိုစိတ်တဖွားဖွားဖြစ်ပေါ်လာရ၏။
သည်ကောင် သည်လိုတော်ကီတွေကြောင့်
မိန်းကလေးတွေ ပစ်ကြွေကုန်တာပဲဖြစ်မည်။
အေးအေးလေးနဲ့ဆိုးတယ်ဆိုတာ ဘယ်သူမှမဟုတ်၊စေညွှန်းတမန်သာဖြစ်ကြောင်း သိလိုက်ရပါပြီ။

??????????????Where stories live. Discover now