抖阴社区

Ep4

2.4K 122 6
                                        

Skyကြိုးဝိုင်းထဲတွင်kayနဲ့ထိုးနေရင်းnaniအားလှမ်းကြည့်လိုက်သည်။naniသူ့အားကြည့်မနေဘဲဖုန်းသာကြည့်နေတာကြောင့်skyစိတ်တို့စတင်အလိုမကျတော့ပေ။kayနဲ့သာမန်လေ့ကျင့်ရုံလောက်သာဖြစ်သော်လည်းskyထိုးချက်တွေကတဖြေးဖြေးပြင်းလာသည်။kayထိုးချက်တွေကိုရှောင်တိမ်းရင်းskyအားတွန်းလိုက်သည်။

"ဟေ့.....လေ့ကျင့်ရုံဘဲကိုမင်းစိတ်တွေဘယ်ရောက်နေတာလဲ!"

သူ့ကိုထိုးလို့မဟုတ်ဘဲskyစိတ်ကကြိုးဝိုင်းထဲတွင်မရှိသောကြောင့်kayပြောလိုက်ခြင်းဖြစ်သည်။

ကျစ်!

Skyစုတ်သပ်ကာကြိုးဝိုင်းထဲမှထွက်သွားသည်။naniဆူညံသံကြောင့်skyဘက်လှည့်ကြည့်တော့skyကကြိုးဝိုင်းထဲကပင်ထွက်လာပြီဖြစ်သည်။skyT-shirtတစ်ထည်စွပ်လိုက်ကာထိုနေရာမှထွက်လာသည်။

"လိမ္မာ်ရည်အချိုလျော့ရေခဲများများတစ်ခွက်"
Skyဆိုင်ရှင်အားလှမ်းမှာလိုက်ပြီးသူ့နောက်လိုက်လာသောnaniအားကြည့်ကာ

"အမ!....ထောပတ်သီးဖျော်ရည်တစ်ခွက်အချိုများများရေခဲနည်းနည်းတစ်ခွက်ပါပေးပါ"

ပြောပြီးnaniအားကျောခိုင်းလိုက်သည်။

"ဟေ့!မင်းခုဏကဘာဖြစ်သွားတာလဲ"

nani, skyပခုံးအားလှမ်းဖက်ကာမေးလိုက်သည်။
Skyဘာမှမဖြေဘဲခေါင်းသာရမ်းပြလိုက်သည်။
naniအအေးဆိုင်ကအမကိုအအေးမှာမည်အပြုskyကတားလိုက်သည်။

"ငါမှာပြီးပြီ"

"အိုးဟိုး!ငါ့အချစ်ဆုံးသူငယ်ချင်းလေးကငါ့အကြိုက်ကောင်းကောင်းသိနေပါလား ဟမ်"

ဆိုင်ရှင်ကမ်းပေးလာသောထောပတ်သီးဖျော်ရည်ကိုအားရပါးရစုပ်သောက်ကာnaniပြောလိုက်သည်။skyကတော့မနိုင်ဘူးဆိုတဲ့မျက်နှာဘေးဖြစ်သာnaniအားကြည့်လိုက်သည်။

Naniကတော့skyအားအရေးမစိုက်ဘဲskyရှေ့ကအရင်ထွက်သွားသည်။skyထင်သည်ကnaniသူ့ကိုချော့ရန်လာသည်ဟုပင်။အခုတော့ဒင်းကသူ့ဆီကအအေးလာဂုန်းဆင်းသွားတာပင်။

**

အေးစက်တဲ့လေထုတွင်လူနှစ်ယောက်စကားမပြောဘဲထိုင်နေကြသည်။မျက်နှာချင်းဆိုင်ထိုင်နေကြသော်လည်းနှစ်ယောက်စလုံးဘက်မှလုံးဝစကားစခြင်းမရှိဘဲအပြန်အလှန်အကဲခတ်နေသည်။

Your mineWhere stories live. Discover now