抖阴社区

                                        

"ပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောပါအဖေ"

တိတ်ဆိတ်နေသည့်လေထုကိုskyဘက်မှစတင်ဖြိုခွင်းလိုက်သည်။အပြုံးအရယ်မရှိသည့်skyမျက်နှာကစိတ်ဖတ်ဖို့ခက်ခဲလွန်းသည်။

"မင်းကိုသမီးIn(အင်)နဲ့နေရာချပေးချင်တယ်Sky"

"........"

"မင်းတို့အခုစေ့စပ်ထားပြီးအထက်တန်းပြီးမှလက်ထပ်ကြပေါ့မင်းရဲ့ဒေါ်လေး Daကလည်းလက်ခံတယ်"

"......"

Skyတိတ်ဆိတ်စွာဖခင်ဖြစ်သူကိုသာကြည့်နေ၏။

"ငါ့ရဲ့လုပ်ငန်းတွေကိုမင်းနဲ့သမီးInကိုလက်လွှဲယူစေချင်ပြီ အဖေပြောတာနားလည်လား"

"........."

"Sky!"

"ပြောလို့ပြီးပြီမလား......အာ့ဆိုပြန်တော့မယ်Inနဲ့ကိစ္စကတော့အဖေသဘောကျရင်ကိုယ့်ဘာသာလက်ထပ်ပြီးပိုင်ဆိုင်မှုလွှဲပေးလိုက်ပါ ။ကျွန်တော်အဖေ့လုပ်ငန်းတွေကိုစိတ်မဝင်စားသလိုအဖေ့ရဲ့မယားပါသမီးInကိုလည်းစိတ်မဝင်စားဘူး"

Skyပြောပြီးထိုအိမ်မှထွက်လာသည်။တံခါးနားရောက်နေပြီဖြစ်တဲ့Skyကိုအနောက်မှကလေးတစ်ယောက်ကလက်လာဆွဲကာ

"P'sky"

ကလေးကအလွန်ငယ်ပြီး4နှစ်သာရှိသေးသည်။သူ့တွင်ဘာအပြစ်မှမရှိသောလည်းသူ့ကြောင့်skyအမေသေရတာ။အမေသေလုမျောပါးဖြစ်နေချိန်မှာဒီကလေးကိုယ်ဝန်ရှိနေတာသိသွားလို့အမေသေရတာ။

ကလေးငယ်၏လက်ကိုskyတွန်းဖယ်လိုက်သည်။
Skyအားကြောင့်ကလေးငယ်ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီးသည်းထန်စွာငိုတော့သည်။

"အဟင့်....P'sky!.....အဟင့်P'skyကjonကိုမချစ်ဘူး....အဟင့်"

Jonနဲ့ငိုသံကskyအတွက်တော့ကျီးအာသံလိုပင်။ခဏနေတော့jonအမေDaအိမ်ထဲမှပြေးထွက်လို့လာသည်။

"သားsky! Jonကမင်းညီလေးပါ......မင်းအဲ့လောက်အထိမစိမ်းကားစမ်းပါနဲ့"

Daရဲ့အပြောကြောင့်skyပါးစောင်ကိုလျှာနဲ့ထိုးကာလှောင်ရယ်လိုက်သည်။

"ကျွန်တော်ကအဖေနဲ့အမေရဲ့တစ်ဦးတည်းသောသားဗျ!ဘာညီမှမရှိဘူး"

Your mineWhere stories live. Discover now