抖阴社区

Chapter 11: Air Conditioning

370 59 3
                                    

လီယွဲ့ချီသည် ထန်ဟန်အား ကျေးရွာကောင်စီအပေါက်ဝဆီသို့ ခေါ်သွားခဲ့သည်။ အချိန်အားဖြင့် မနက် ၂ နာရီရှိနေပြီဖြစ်ပြီး တောင်ပေါ်ကျေးရွာသည်လည်း တိတ်ဆိတ်နေလျက်။ ထို့နောက်မှာတော့ သူသည်မော်တော်ဆိုင်ကယ်ပေါ်ပြန်တက်ကာ ဘယ်ဘက်ခြေထောက်က ခြေနင်းပေါ်ဖိထားပြီး အင်ဂျင်စက်အား အသံကျယ်လောင်စွာနှိုးလိုက်သည်။ ထိုအခါမှ သူဘာကိုဆိုလိုချင်မှန်း ထန်ဟန်သဘောပေါက်လိုက်သည်။

"လီယွဲ့ချီ!"

နောက်သို့ပြန်လှည့်မကြည့်ဘဲ လီယွဲ့ချီက စိတ်မရှည်စွာဖြင့်ပြောလာသည်။ "မင်း ငါပြောတာကိုနားမလည်နိုင်သေးဘူးလား?"

သူနားလည်ပါ၏။ ဤအခြေအနေသည် သူတို့နှစ်ယောက်၏ ဒုတိယ‌မြောက်နှုတ်ဆက်ခွဲခွာခြင်း ဖြစ်သောကြောင့် သူနားလည်လိုက်ပါသည်။ ပထမအကြိမ်မှာ လွန်ခဲ့သောခြောက်နှစ်ကဖြစ်၏။ ယခုကတော့ ဒုတိယအကြိမ်မြောက်ပေါ့။ ထိုသို့ဆိုပါလျှင် တတိယအကြိမ်မြောက်ရော?။ ဒီဘဝမှာတော့ သူတို့နှစ်‌ယောက်အတွက် တတိယ‌အကြိမ်နှုတ်ဆက်ခွဲခွာကြရန် ‌တိုက်ဆိုင်မှုဆိုတာမရှိနိုင်တော့ပြီ။ ဒါပေမယ့်လီယွဲ့ချီ- လီယွဲ့ချီက သူ့ကိုထွက်သွားဖို့ပြောသည်။

"အိုး.. ဟုတ်သားဘဲ" လီယွဲ့ချီကဆိုသည်။ "သူတို့က ငါ့ညီလေးကို ဟိုတယ်မှာတစ်ညအိပ်ဖို့ခေါ်သွားပြီး သူ့ကိုအစားအသောက်ကောင်းတွေတောင် ကျွေးမွေးလိုက်သေးတယ်.. ဆရာ၊ ငါတို့လို ဆင်းရဲတဲ့သူတွေကို ခက်ခဲအောင်လုပ်နေတာ ဒီလောက်နဲ့ဘဲရပ်လိုက်ပါတော့"

ဆရာ? သူ့ကိုပြောတာလား?

"ကျွန်တော်ရပ်မှာမဟုတ်ဘူး" ဟု ထန်ဟန်ကပြောလိုက်၏။

လီယွဲ့ချီဘာမှပြန်မဖြေတော့ပေ။ နှစ်စက္ကန့်ကြာပြီးနောက် မော်တော်ဆိုင်ကယ်လက်ကိုင်ကိုလှည့်ကာ ကျယ်လောင်သောစက်သံဖြင့် ထွက်ခွာသွား၏။

ထန်ဟန်သည် အဖြူရောင်မီးများကို စိုက်ကြည့်နေမိသည်။ အစကတော့ အလင်းတန်းစုတစ်စုပေမယ့်၊ ထို့နောက်မှာ တဖြည်းဖြည်း ပဲစေ့ကဲ့သို့သောအလင်းစက်ကလေးသာ ကျန်ရှိတော့သည်။ နောက်ဆုံးတွင်တော့ ထိုအစက်လေးက တောင်ပေါ်လမ်းတွေဆီမှ နိမ့်ချည်မြင့်ချည်ဖြင့် ပျောက်ကွယ်သွားလေသည်။ လေတစ်ဝှေ့ဖြတ်တိုက်လာခြင်းကြောင့် ထန်ဟန်မှာတသိမ့်သိမ့်တုန်သွားခဲ့ရပြီး၊ သူ့ခန္ဓာကိုယ်မှာ ချွေးအေးများဖြင့်ဖုံးလွှမ်းခံထားရကြောင်း သတိပြုမိလိုက်သည်။ သူ၏လက်များမှာလည်း တဆတ်ဆတ်တုန်နေခဲ့လျက်။

??????????????????????????????? || ????????Where stories live. Discover now