{part-21}
Unicode
-------
အရံအတားဖြင့်ဖုန်းကွယ်ခြင်းခံထားရတဲ့ ထိုက်ရှန်းတောင်ကို အနက်ရောင်စွမ်းအင်လှိုင်းတွေ အားပြင်းစွာရစ်ပတ်နေခဲ့သည်။ အင်အားကြီး မိစ္ဆာတစ်ယောက်က အလွန်အန္တရာယ်များလှတဲ့ ကျင့်စဉ်တစ်ခုကိုကျင့်ကြံနေခြင်းကြောင့်သာ အနက်ရောင်မိစ္ဆာစွမ်းအားတွေက တောင်တစ်ခုလုံးကိုပင် ဝါးမြိုတော့မတတ် ရစ်ပတ်လျှက်ရှိသည်။
တားမြစ်မိစ္ဆာအတတ်ကို မသင်ယူပဲ စွမ်းအင်ဖောက်လွှဲဖောက်ပြန်ဖြစ်သွားခဲ့ရုံနဲ့တင် တတ်မြောက်သွားတဲ့ လန်ဝမ့်ကျီး။အများပြောသလို မိစ္ဆာငယ်တွေရဲ့ ဝိညာဉ်ကို စုတ်ယူစားသုံးပြီး ကျင့်ကြံရတဲ့ မိစ္ဆာအတတ်ကို တစ်ခါမှမလုပ်ခဲ့ဖူးသူ!။
တားမြစ်မိစ္ဆာအတတ်က မျိုးတူမိစ္ဆာငယ်တွေရဲ့ဝိညာဉ်ကို စားသုံးရင်အင်အားကြီး စွမ်းအားတတ်တာမှန်ပေမဲ့ လန်ဝမ့်ကျီးက ထိုသို့မလုပ်ခဲ့ပါ။ မိစ္ဆာငယ်တွေရဲ့ ဝိညာဉ်ကို စုတ်ယူစားသောက်ခြင်းမပြုခဲ့တာကြောင့် တားမြစ်မိစ္ဆာအတတ်ရဲ့ ပြန်လည်ဝါးမြိုခြင်းကို လချီခံစားနေရတတ်သည်။
ထိုက်ရှန်းတောင်ကို အနက်ရောင်မိစ္ဆာစွမ်းအားတွေ ရစ်ပတ်ထားသည်မှာလည်း တားမြစ်မိစ္ဆာအတတ်ရဲ့ ပြန်လည်ဝါးမြိုခြင်းကို ခုခံနေရခြင်းကြောင့်ဖြစ်သည်။စွမ်းအားကြီးတဲ့အရာနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ လောကကြီး ပြောင်းပြန်လှန်သလိုပဲ လန်ဝမ့်ကျီးရဲ့ သန့်စင်တဲ့ချီစွမ်းအင်နဲ့ တားမြစ်မိစ္ဆာအတတ်တို့က ကိုယ်တွင်းမှာ တိုက်ပွဲရာချီနွဲနေကြခြင်းဖြစ်သည်။
ပလ္လင်ထက် တင်ပြေခွေထိုင်ရင်း တားမြစ်မိစ္ဆာအတတ်ရဲ့ ဝါးမြိုခြင်းကို ပြန်လည်တိုက်ခိုက်နေရသည်။ တစ်ဖြေးဖြေး လန်ဝမ့်ကျီးရဲ့ မျက်နှာက သွေးမရှိသလိုဖြူစွပ်လာခဲ့၏။
မိစ္ဆာလုံးလုံးဖြစ်သွားသည့်တိုင် သန့်စင်တဲ့ချီစွမ်းအင်က တစ်စွန်းတစ်စကျန်ရှိနေခဲ့သည်။ချီစွမ်းအင်နဲ့ မိစ္ဆာအတတ်ရဲ့ ပြန်လည်ဝါးမြိုခြင်းက ထိပ်တိုက်တွေ့တဲ့အခါ အမြူတေပျက်စီးလုမတတ် နာကျင်ရသည်။
