抖阴社区

??

304 56 4
                                        

"မီယောင်းကိုနောက်ယောင်ခံတာ
အခြေနေဘယ်လိုလဲ "

အိမ်တော်ထိန်းကြီးက မဖြေခင်
အဖွားမီဆုရဲ့အခြေနေကို
တစ်ချက်ကြည့်လိုက်သည်။

"အဲ့တာက "

"ငါ့ကိုအကဲခတ်မနေနဲ့ ပြောစရာရှိတာ
သာပြော "

"ဆွန်းယောင်းလေးနဲ့ရတဲ့ကိုယ်ဝန်ဆိုတာမဟုတ်ပါဘူး ၊ အဲ့နေ့ကဟိုတယ်ကိုသွားတဲ့မိန်းကလေးက တစ်ခြားတစ်ယောက်ပါ
ပြီးတော့ ဟိုတယ်ခန်းထဲမဝင်ခင်မှာပဲ
အချိန်မီတားနိုင်ခဲ့ပါတယ် "

"အဲ့ဒီကောင်မလေးက
ဘယ်သူ့အားကိုးနဲ့ ဒီလိုဖြစ်နေရတာလဲ
ငါမသိအောင် ဆွန်းယောင်းကိုလည်းနောက်ယောင်ခံလိုက်သေးတယ်"

"ယွန်မီယောင်းက ဆွန်းယောင်းလေးကို
ငယ်ငယ်တည်းကသဘောကျ
နေတာပါ ၊ ဆွန်းယောင်းလေးက
ရည်းစားများပေမယ့် သူတွဲတဲ့
အထဲမှာ မီယောင်း မပါခဲ့ပါဘူး ၊အမျိုးမကင်းလို့ မတွဲပါဘူးဆိုပြီးငြင်းခဲ့တာကို
ကျွန်တော့်နားနဲ့ဆက်ဆက်ကြားခဲ့ပါတယ် "

အိမ်တော်ထိန်းရဲ့စကားကိုသေချာနားထောင်ပြီး အဖွားမီဆုကခေါင်းညိတ်လေသည်။

"မီယောင်းက သူ့အမေနဲ့တူနေတာက
ပြဿနာပဲ ဂျောင်ဟန်လေးလိုသာ
သူ့အဖေနဲ့တူရင်သိပ်ကောင်းမှာ "

အဖွားမီဆုရဲ့စကားကိုထောက်ခံသည့်အလား အိမ်တော်ထိန်းကပါပြုံးမိသွားသည် ။

"ဥက္ကကြီးကဂျောင်ဟန်လေးကို
သတိရနေတာပါလား ၊
ကိုးရီးယားကိုပြန်လာတော့မယ်လို့သတင်းကြားပါတယ် သိပ်မကြာခင်တွေ့ရတော့မှာပါ "

ယွန်ဂျောင်ဟန်သည် မီယောင်း၏အစ်ကိုပင် ။

ယွန်ဂျောင်ဟန်က အမေဖြစ်သူနဲ့မတူပဲ
အဖေနဲ့တူတာကြောင့် အဖွားမီဆုက
ပိုချစ်ပေးပြီး ဂျောင်းဟန်ကို ဆွန်းယောင်းနည်းတူချစ်ရှာလေသည်။

"အိမ်တော်ထိန်းကြီး ကားပြင်ထားလိုက် …
ဂယောင်ဂီဒိုကိုသွားရအောင်"

___________________

"အဖွား "

"အင်း  ဒီနေ့ဝန်ဝူးလေးတို့ခြံထဲသွားတာမဟုတ်လား ဘာလို့အလောတကြီးပြန်လာရတာလဲ "

??????????????(completed)Where stories live. Discover now