抖阴社区

                                        

ဘယ်သူကရော
အလောတကြီးပြန်လာချင်လို့လဲ ခြံထဲမှာ
မမြင်ချင်တာကို မြင်ခဲ့ရလို့ပေါ့ …
မနေ့ညကဝန်ဝူး
တအားမူးနေတော့ဒီမနက်ခြံထဲကိုလိုက်သွားပြီး အမူးပြေဟင်းရည်သွားပို့တာ
အဲ့ဒီဂွမ်မျိုးရိုးနဲ့ ခြံထဲမှာမိုးမမြင်လေမမြင်
နမ်းနေကြလိမ့်မယ်လို့ဘယ်သူကတွေးမိမှာလဲ …

"အဖွား နဲ့ ဝန်ဝူးရဲ့အဖွားနဲ့က ငယ်ငယ်တည်းကတအားခင်ကြတာမဟုတ်လား?"

"ဒီကလေး ထူးထူးဆန်းဆန်းဘာတွေမေးနေတာလဲ "

"ဟုတ်တယ် အဖွားတို့သုံးယောက်က
ငယ်သူငယ်ချင်းတွေပဲ"

အဖွားရယ် ၊ ဝန်ဝူးရဲ့အဖွားရယ် ၊
ဟို ဂွမ်မျိုးရိုးရဲ့ အဖွားရယ်
သူတို့သုံးယောက်က ငယ်သူငယ်ချင်းတွေ…

"ဝန်ဝူးအဖွားဆီသွားပြီး ဝန်ဝူးကို
တောင်းရမ်းပေးပါ "

"ဘာပြောတယ် !!"

"ကျွန်တော် ဝန်ဝူးကိုငယ်ငယ်လေး
တည်းကတည်းကသဘောကျလာခဲ့တာ
အဖွားသိတာပဲမဟုတ်လား အခု ပြိုင်ဘက်
ပေါ်လာပြီ  ကျွန်တော်နှေးနေရင် သူများလက်ထဲပါသွားတော့မှာ "

"ဝန်ဝူးက ငယ်ငယ်လေးကတည်းက တောက်လျှောက်အနားဘဲရှိနေခဲ့တာကို
ဘာလို့မကြိုးစားဘဲ အခုမှ ရုတ်တရက်
ကြီးဘာလို့လဲ "

"အဖွားကလည်း အခုလေးတင်ပြောပြီးပြီးလေ ပြိုင်ဘက်ရောက်လာလို့ပါဆို "

ဆွန်းချောလ်အဖွားက မြေးဖြစ်သူကိုကြည့်ရင်းမျက်ခုံးပင့်လိုက်သည်။

အမှန်တော့ ဝန်ဝူးလေးကို
သူကိုယ်တိုင်လည်းမြေးသားမက်
တော်ချင်သည်ပင် ။ သို့သော် ထိုကလေးက
မီဆုရဲ့မြေးကိုသဘောကျနေသည်မှာ
တစ်ရွာလုံးအသိပင်မဟုတ်ပါလား ။
ဒါကိုသိလျှက်သားနဲ့ သူ့မြေးက အခုမှ
ဘာအရူးထနေမှန်းမသိ။

"တကယ်သဘောကျတာရောဟုတ်လို့လား အချစ်ရဆုံးသူငယ်ချင်းကို
သူများလက်ထဲပေးလိုက်ရမှာစိုးလို့
အတင်းသွားတောင်းရမ်း
ခိုင်းနေတာမဟုတ်ဘူးလား "

"အဖွားကလည်း ကျွန်တော့်ကို
မဝေခွဲတတ်တဲ့လူလို့ထင်နေတာလား
တကယ်ပြောနေတာပါဆို ၊
အကယ်၍ အဖွားမတောင်းပေးဘူး
ဆိုရင် ကျွန်တော်ဒီတစ်ခေါက်ဆိုးလ်ပြန်သွားပြီးရင် ဘယ်တော့မှပြန်မလာတော့ဘူး "

??????????????(completed)Where stories live. Discover now