抖阴社区

EIGHTEEN

2.6K 136 29
                                        

UNICODE

Henry Emperor အား ဂျောင်ဂု ဦးစီးဦးဆောင်ပြုလာခဲ့သည်မှာ လအနည်းငယ်ပင် ကြာမြင့်သွားပြီဖြစ်၏။ ဆိုင်းမဆင့်၊ဗုံမဆင့် လက်လွှဲယူထားရတဲ့လုပ်ငန်းခွင်မှာ သူ့ရာထူးက CEO ( Chief Executive Officer) ဖြစ်ပြီး တာဝန်ကြီးတာနဲ့အညီ လစဉ်ဘဏ်အကောင့်ထဲဝင်လာတတ်တဲ့ ဒေါ်လာလေးသောင်းကျော် ငွေပမာဏကလည်း မက်လောက်စရာပါပင် ။

မေမေကတော့ ကုမ္ပဏီရဲ့ဘုတ်အဖွဲ့အစည်းဥက္ကဌ (Chairman)အဖြစ် ဆက်ရှိနေဆဲ ။ ဂျောင်ဂုလိုချင်ရင် ချက်ချင်းနေရာဖယ်ပေးမယ့် အနေအထားမျိုးဆိုတာ သိအောင်တော့ မေမေက မကြာခဏဆိုသလို အရိပ်အကဲပြတတ်ပါသေး၏။ ဩဂုတ်လ ကုန်ခါနီးအချိန်မို့ အလုပ်တစ်ဖက်ကြားကပင် လာမယ့်စက်တင်ဘာ လလယ်မှာ Semester အသစ်ပြန်စမယ့် တက္ကသိုလ်အတွက်လည်း ဂျောင်ဂု ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရသေး၏ ။

မရင်းနှီးသေးတဲ့ လုပ်ငန်းခွင်ကြား လေ့လာသင်ယူစရာတွေလည်း များသည်မို့ ထယ်ယောင်းအပေါ်မှာ သိသိသာသာလစ်ဟင်းလာခဲ့တဲ့ သူ့ဂရုစိုက်မှုတွေအတွက် ဂျောင်ဂုမျက်နှာပူရသလို အားတုံ့အားနာလည်းဖြစ်ရသည်။ အပြစ်စကားရယ်လို့ တစ်ခွန်းမှ မဆိုလာသော်ငြား သူအလုပ်သွားတိုင်း လက်ပြကျန်ရစ်ခဲ့တဲ့ မျက်ဝန်းညိုတွေမှာ "မြန်မြန်ပြန်ခဲ့ပါ" ဟုတောင်းပန်တိုးလျှိုးနေတဲ့ အရိပ်အယောင်တွေအပြည့် ။ ဒီကြားထဲ ဂျောင်ဂုမှာ ညဉ့်နက်သန်းခေါင်မှ အိမ်ပြန်ရတဲ့ရက်တွေက ရှိတတ်သေးသည် ။ ထိုအခါမျိုးဆို သူ့ပြန်အလာကိုစောင့်ရင်း လှေကားခုံမှာ ငုတ်တုတ်ကလေး အိပ်ပျော်နေတတ်တဲ့ကောင်လေးက ဂျောင်ဂုရင်ခွင်အား ဘယ်လောက်တောင်မှ ငံ့လင့်နေကြောင်း သိသာပါ၏။

ဧည့်ခန်းမီးကိုဖွင့်လိုက်တော့ ထင်သည့်အတိုင်းပင် လှေကားရင်းမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ ထယ်ယောင်းကို ဂျောင်ဂု တွေ့လိုက်ရသည် ။ လက်ထဲက စာရွက်စာတမ်းတချို့နဲ့ အထုတ်အပိုးတွေကို စားပွဲမှာချလို့ ထယ်ယောင်းအနား လျှောက်သွားလိုက်ပြီး အသာလေးပွေ့ချီကာ အိမ်ပေါ်ကိုတက်လာခဲ့လိုက်၏ ။ အိပ်ယာပေါ်ချပေးလိုက်သည်နှင့် လူးလူးလွန့်လွန့်ဖြစ်လာတဲ့ကောင်လေးက တရေးနိုးသွားပုံရကာ ခုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဂျောင်ဂုအား မျက်လုံးမပွင့်တပွင့်ကြားကနေ မော်ကြည့်လာသည်။ ဝါကျင်ကျင်ညမီးရောင်က ခပ်မှိန်မှိန်မို့ ထယ်ယောင်းမျက်နှာကိုတော့ သူ ပီပီသသမမြင်ရ..။

YOU BROKE ME FIRST [ COMPLETED ]Where stories live. Discover now