抖阴社区

???????(38)

7.7K 370 31
                                        

ရာသီတွေအလီလီပြောင်းရွှေ့လာသလို..ကူးရဲ့သားသားနှစ်ယောက်ကအခုဆို၃နှစ်ပြည့်ခဲ့ပြီဖြစ်သည်..သားနှစ်ယောက်လုံးကကိုကိုနဲ့တစ်ပုံစံတည်းလို့သူများတွေပြောခဲ့ပေမဲ့လဲ..အခုလိုအရွယ်ရောက်လာလေအပြုအမူအပြောအဆိုကအစတစ်ပုံစံတည်းဖြစ်နေတာကြောင့်ကူးကူးမှာအူတယားယား...

သားနှစ်ယောက်ကအရမ်းကြီးလူကြီးဆန်နေတာမျိုးမဟုတ်ပဲသူတို့ဘာသာသီးသန့်ဆန်ဆန်နေတတ်ကြတာဖြစ်သည်..အားနေတဲ့အချိန်ဆိုရင်လဲသူတို့ပါးပါးဝယ်ပေးထားတဲ့ရုပ်ပြစာအုပ်တွေကိုတိတ်တဆိတ်ဖတ်နေတတ်ကြသည်...သူတို့ချွဲတာဆိုလို့ကူးတစ်ယောက်သာရှိသည်..သူတို့ပါးပါးနဲ့ဆိုရင်သိချင်တာမှန်သမျှလျှောက်မေးနေတတ်ပြီးခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေကြပုံက.ကူးအတွက်တော့ချစ်စရာလေးတွေဖြစ်နေသည်...

ကိုစက်နဲ့ဒီးဒီးတို့ကလဲမနှစ်ကမှယူလိုက်တာဖြစ်သည်..သူတို့နှစ်ယောက်က တော့အေးအေးဆေးဆေးကမ္ဘာပတ်နေကြသည်..ကိုမြင့်မိုရ် ကတော့သမီးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်..သမီးလေးကနှစ်နှစ်ပြည့်သွားပြီဖြစ်တာကြောင့်တီတီတာတာအရမ်းပြောတတ်တာ..ကိုလျှားရဲ့အဖေနဲ့အမေ့အသည်းစွဲလေးပင်..

အိမ်ကသားနှစ်ယောက်နဲ့.ကိုကိုကလဲသူ့တို့တူမ သူတို့ညီမလေးကိုအရမ်းချစ်ကြသည်..နည်းနည်းလေးမှအထိခိုက်မခံပေ...ကိုမြင့်မိုရ်ကအရင်ကုမ္မဏီကိုပဲဆက်ဦးစီးကာ..ဟိုတယ်လုပ်ငန်းတစ်ချို့ကိုပါစတင်လုပ်ကိုင်နေပြီဖြစ်သည်...

ကိုလျှားကတော့သူ့ချစ်သူအသည်းပန်းနဲ့မရမက လက်ထပ်ခဲ့ပြီးသူလဲသူ့ရဲ့မိဘတွေခွဲပေးတဲ့လုပ်ငန်းတွေကိုဆက်လုပ်ကိူင်နေသည်..ကိုမြင့်မိုရ်ကတော့ကိုလျှားနဲ့အခေါ်အပြောလုံးဝမရှိတော့ပေ..ကလေးနဲ့တောင်တော်ရုံအတွေ့မခံပေ..အဲ့လိုမျိုးအတွေ့မခံတာကိုလဲကိုလျှားရဲ့မိဘတွေကတစ်ခွန်းမှဝင်ပြောခဲ့ခြင်းမရှိ..အရာရာ ကိုမြင့်မိုရ်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ..

ကိုမြင့်မိုရ်နာကျည်းရင်လဲနာကျည်းစရာပေ..ကိုမြင့်မိုရ်ကိုယ်ဝန်၇လရောက်တော့ကိုလျှားရဲ့မိန်းမကလဲကိုယ်ဝန်က၇လလောက်ရှိနေပြီဖြစ်သည်..အဲ့နေ့ကကိုလျှားရဲ့မိဘတွေက ကိုမြင့်မိုရ်ရဲ့ကလေးအတွက်ပိုင်ဆိုင်မှုတစ်ချို့ကိုလာလွှဲပေးသွားတာဖြစ်သည်..ထိုအကြောင်းအရာကိုသိသွားချိန်ကိုမြင့်မိုရ်ကိူပြသနာလာရှာတာ​ကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်ရင်းမအသည်းပန်းကထိခိုက်ကာ..ကိုယ်ဝန်ပျက်ကျသွားခဲ့သည်..သားအိမ်ကိုထိခိုက်သွားတာကြောင့်ကလေးလုံးဝထပ်မရနိုင်တော့ပေ...

You Are My MineWhere stories live. Discover now