抖阴社区

Choose-26

350 14 2
                                    

“ဘယ်လို နေနေ ဟိုကောင်မလေး နဲ့ သူ့အမျိုးတစ်သိုက် ဝိုင်းဆွဲထားတာ  ကြောက်လို့ သူတို့အိမ် ‌နင် ညအိပ်ညနေ ထိုင်ခဲ့ရသည် ရှိတော့  အရက် မူး ခဲ့သည် ရှိအုံးတော့ ပြန်လာခဲ့ပေါ့ ကိုယ့်အိမ်ကိုယ် ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ် …

အခု ဟာ သူတို့အိမ် ညအိပ်ခဲ့တယ် သူ့သမီးနဲ့ ခိုး ပြေးပါတယ်လို့ ဟိုးလေတကြော်ကြော် ဟိုက လိုက်ကြေညာပြီ ဟိုကောင်မက ချစ်ညို ဆီ လာ မျက်ရည်နဲ့ မျက်ခွက် ထိုးပြ ..
သောက် -က်တဲ့ အံ့ဩလို့ မဆုံးဘူး ..

နင့်ပါးကို  ရှစ်စိတ်ကွဲ အောင် ငါ ချချင်တယ် ပေတိုး မသာကောင်သိလား …
ထွေးထွေး ခများ ငိုနေရှာတာ …
မသာ နင် နဲ့ တန်ကို မတန် ဘူး .. ဖာ -ည် ကောင် သွား အခုမှ မျက်နှာငယ် လေး လာလုပ် နေတာ ။ငါ့ စိတ်အတိုင်း ဆို ဆွဲကုတ်မိတော့မှာ “
“ရွှေမိ တော်စမ်းဟာ …”
“မတော်ဘူး ဟာ “
“အေးဟာ နင် ပြောချင်သလို သာ ပြော တော့ဟာ ။ဖိုးသင်္ကြန်လည်း မတားနဲ့ ကွာ ။ ထွေးထွေးကိုသာ  ကူပြောပေးပါဟာ ..”
မျက်နှာငယ်လေး နဲ့ ပေတိုးကပြော တော့ စိတ်နုတဲ့ ဖိုးသင်္ကြန် က
သူငယ်ချင်းကို သနားသလောက် ရွှေမိကတော့ ဆဲသည်။
“အမယ်လေး ငါလည်း မွေးထားတာ သမီးလေးပါ။
ကိုယ်ချင်း မစာနာ လို့ ပြောနေတာမဟုတ်ဘူး။
သူတို့ဘာသာ ရွ ထ ပြီ လင် ရှားလို့ အမိဖမ်း တာ အသိသာကြီးကို ‌မယူမှာတွေ စိုးပြီ ချစ်ညို ကွမ်းဆိုင် ရှေ့ လူကြည့်အောင် တနေ့
လေးငါး ခြောက်ခေါက် လူကြီး လာကြောင်းပေးဖို့ မင်္ဂလာဆောင် ပေးဖို့သောက်ရှက်မရှိတဲ့ မျက်ခွက်တွေနဲ့ လာလာ ပြောနေတာ ။

ပါးတွေချည်း လှိမ့်ရိုက်ချင်တယ်။ အဟုတ်ပြောတာ ဒီကောင်မ ကြူကြူ သိရက် နဲ့ လုပ်တာ ။ငါ့ ခြံထဲ ပဲသီး ခူးကတည်းက ထွေးထွေး နဲ့ ပေတိုး ကြိုက်နေမှန်းသိတယ် ။သိရက်နဲ့ ဒီကောင်မ ကြောင်တောင် နိူက်တာ ။ ‌မသာ ပေတိုး ကားသမား ပိုက်ဆံ၀င်ငွေ
ကောင်းတယ် ကောင်းတယ် ဆိုကတည်းက သူ့လင် တော်ချင်နေတာ ငါသိတယ် ။ သူတောင်းစား ပေတိုး အဲ့ကောင်မ ကြူကြူ နဲ့ ညားရင် ကျွန် ဖြစ် နွား ဖြစ် ဖြစ်အုံး မှာ ။အေးတာပဲ ။ ဟိုဟာ မက်တဲ့ ယောကျာ်းတွေ လည်း အဲ့တာ နဲ့ပဲ တန်တယ် ။အဲ့လို မိန်းမ တွေက သူတို့ကို အဲ့တာ နဲ့ မျှား ခိုင်းစား အုံးမှာ ။နွား လို ကျွဲ လို ရုန်း ကြ ။
မသာ တွေ အကောင်း နဲ့ မတန်ဘူး ...”

ရွှေမိက ပေတိုး ဆဲရင် မသာတွေ ယောကျာ်းတွေ လို့ ထည့်ထည့်ပြောတော့ စိတ်ညစ်ရတဲ့ ကြားထဲ ငကျော် မှာ မခံနိုင်။

“ရွှေမိ နင် ပြောချင်ရင် ဟိုကောင် ပေတိုးကို ဒဲ့ပြော မသာ တွေ ယောကျာ်းတွေ လို့ ထည့်မပြောနဲ့ ။
ပြီတော့ နင်ပြောတဲ့ ဟိုဟာ မက်တဲ့ ယောကျာ်းတွေထဲ ငါ နဲ့ ချစ်ညို မပါဘူး။နင့် ယောကျာ်း နဲ့ ပေတိုးပဲ ပါမှာ “

“‌ဟဲ့ ငါ့ယောကျာ်းက ဘာဆိုင်လို့ ပါရမှာတုန်း “
မိရွှေမိက ယောကျာ်းတွေ မကောင်းကြောင်းသာ ပြောချင်နေသည်။ သူ့လင် တော့ မကောင်း ပြောချင်ပုံမပေါ်။‌အတော် ခက်တဲ့ မိန်းမတွေ ။ ဟင်း ...မိန်းမ တွေ ။
ငကျော် သက်ပြင်းချ ရင် လက်သီး ဆုပ်ထားမိပြန်သည်။

ကောင်မလေး ကြူကြူ ကွမ်းဆိုင် အလာစိပ်ပြီ ရေလာမြောင်းပေးတွေ လုပ်နေတုန်းက ငကျော် တစ်ယောက် အိုးကမပူ စလောင်းကပူ ပူခဲ့မိသည်။ ရည်းစားမရှိသည့် သူများ
လာချိန် နေသလားလို့လေ ။အင်း ချစ်ညိုကတော့ လူကဲခတ် တော်တဲ့ ကောင် ဆိုတော့ဒီကောင်မလေးတွေနဲ့ လိုအပ်တာထက် ပိုမရော ဖို့ ပြောပါသေးတယ်။

ဒီကောင်ကြီး သာ အ လွန်းလို့ ကိုယ့်သူငယ်ချင်း ကြိုက်မှန်းမသိ ကိုယ့်ကြိုက်မှန်းမသိ ။တကယ်တော့ ပိုက်ဆံ အရှာတော်တဲ့ ကောင်ကို ကြိုက်နေတာ …အင်း တယ်မိုက်တဲ့ ကောင်ကြီး …ထွေးထွေး ခများ ဘာများအပြစ်ရှိ ရှာလို့ … ထွေးထွေး အကြောင်း တွေးမိတော့ ငကျော် ပေတိုးကို ပိုပြီ စိတ်ဆိုးရပြန်၏။

ငကျော် ချည်း မှာ မဟုတ် ချစ်ဖြူ လေးဆို စိတ်ဆိုးပြီ ငိုတောင် ငိုတယ်။
“ လ အ လအ ငါ့ကိုကြီး ပေတိုး လ အပဲကွာ “
ချစ်ညို ဆို ပြောစရာမလို ပေတိုးကို စကားကို မပြောဘူး။

“ငါ့နိုး ပဲကွာ ကားသမား လူလည်ကြီး ဆိုတဲ့ အကောင် မူးပြီ ဆိုင်ကယ်နဲ့ ရွာပတ် ကောင်မလေးက လမ်းကြုံ လိုက်စီးပြီ
သူတို့အိမ်ထိ ခေါ်သွား … မူးမူးရူးရူးနဲ့ သူ့တို့ညီမ သူတို့ တူမ သူတို့ သမီးကို ခိုးပြေးပါတယ် ဆို ဝါးလုံး တုတ်တွေနဲ့ ဝိုင်းထားပြီ
ယူရမယ် မပြန်ရဘူး ဆွဲထားခံ ရ တယ်တဲ့။

Choose (?????????????)(Completed)Where stories live. Discover now