抖阴社区

Extra?

426 55 6
                                    

  
မနက်ခင်းလေးကို အပြုံးလေးဖြင့်နိုးထလာရတဲ့အကြောင်းရင်းလေးကတော့ ချစ်ရသူလေးကြောင့်ပင် ပန်းသီးလေးနဲ့ကျနော်တွဲလာတာ အခုဆို4နှစ်ပြည့်ခါနီးပြီ 
မနက်ဖြန်ဆို ကျနော့ပန်းသီးလေးရဲ့ ဘွဲ့ယူမယ့်နေ့လေ ကျနော်ဒီနေ့ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရတာ အကြောင်းရင်းကတော့ >>>
________________

📲📲📲

"  ဟလို ကိုကို "

" ပြောပါဗျ "

" ကိုကိုပြန်မလာသေးဘူးလား မနက်ဖြန်ဘာနေ့လဲဆိုတာရော သိရဲ့လား "

" ကိုကိုတောင်းပန်ပါတယ်ကလေးရယ် ဒီမှာအလုပ်တွေက မပြီးသေးဘူးရယ် ကြည့်ရတာကိုကိုပြန်လာဖို့မမှီလောက်ဘူးထင်တယ် "

" အေအေ ပြန်မလာနဲ့တော့ အဲ့မှာပဲတသက်လုံးနေလိုက် "
တီ~~~~~

ကျနော့ပြောစကားတောင် နားမထောင်ပဲ ဖုန်းချသွားတာမို့ ပန်းသီးလေးစိတ်ကောက်သွားမှန်းသိလိုက်သည် ဘာလို့ဆို ကျနော်အလုပ်ကိစ္စကြောင့် လွန်ခဲ့တဲ့တစ်ပတ်ထဲက ပြင်သစ်ရောက်နေခဲ့တာ ပန်းသီးလေး ဘွဲ့ယူမယ့်ရက်အမှီပြန်လာဖို့ပြောထားပေမယ့် အလုပ်များတာကြောင့် မမှီတော့ဘူးဆိုလို့ အခုကောက်နေပြီလေ

📲📲📲

" ဟလို အန်တီ "

" သားPondရေ ပြန်မလာဖြစ်ဘူးဆို "

" ဟုတ်ကဲ့အန်တီ ကျနော့အလုပ်ကမပြီးသေးလို့ပါ Phuရော "

" အဲ့တာကြောင့်မို့နေမယ် အပြင်ကပြန်လာပြီးထဲက ဆောင့်အောင့်ပြီးအခန်းထဲဝင်သွားတာ "

" ကျနော်ပြန်မလာဖြစ်ဘူးဆိုလို့ စိတ်ကောက်သွားတာပါ"

" အေးကွယ် ကောက်စိန်လေးက သိတဲ့အတိုင်း ကောက်နေပြီပေါ့ "

" ကျနော် အမှီပြန်လာပါ့မယ် ဒါပေမယ့် Phuကိုတော့ဟကျနော်ပြန်လာမယ်လို့မပြောထားနဲ့အုံးနော်  surpriseလုပ်ချင်လို့ပါ "

" အေးအေး အန်တီမပြောဘူး စိတ်ချ "

________________________

On graduation day>>>

တက္ကသိုလ်ကျောင်းသားတွေရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ဘွဲ့ယူမယ့်နေ့ကိုရောက်လာခဲ့ပြီ မေဂျာအလိုက် ဘွဲ့ဝတ်စုံတွေနဲ့ ခန့်ညားလှပနေကြသည့်ထဲတွင် အထင်ပေါ်ဆုံးဖြစ်နေသည့်ကောင်လေး အဖြူရောင်ဘွဲ့ဝတ်စုံလေးနဲ့ အားလုံးထဲ ထင်းနေတာပေါ့

My Apple? ?Where stories live. Discover now