抖阴社区

Chapter - 10

307 14 0
                                        


အပိုင်း (၁၀)

"အဓိပ္ပါယ်မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ"

ဝူစုန့်က အပြစ်ကင်းစွာ ပြန်ကြည့်သည်။ နှစ်ယောက်သား စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်တော့ သူ့အမူအရာက ရုတ်တရက် အေးခဲသွားပြီး ရယ်မောလိုက်လေသည်။

"လာပါ ရှောင်းရှန်ရာ မင်းက မင်းရဲ့ညီမလေးတစ်ယောက်လို ဆက်ဆံနေတဲ့ အဲဒီကောင်မလေးက မင်းကိုသဘောကျတယ်လို့ တကယ်မပြောနိုင်ဘူးလား"

"......."

ရှန်းရှောင်း၏မျက်ခုံးများ အနည်းငယ် လှုပ်သွားပြီးနောက် သူ မျက်မှောင်ကြုတ်၍ ဝမ်စီးယန်ကို ကြည့်ကာ

"မင်းတို့ထွက်သွားကြတော့ ငါ ဒါရိုက်တာဝူနဲ့ ပြောစရာရှိတယ်"

ဝမ်စီးယန် မထွက်သွားချင်သော်လည်း ဝူစုန့်ရဲ့လက်ထောက်နဲ့ ထွက်သွားဖို့ကလွဲလို့ ရွေးချယ်စရာမရှိပါ။

တံခါးပိတ်ပြီးတာနဲ့ ရှန်းရှောင်း မတ်တပ်ရပ်လိုက်၏။

"ရှင်းရှင်းလင်းလင်းပြော"

"ငါ ရှင်းရှင်းလေးပြောပြီးပြီလေ"

ဝူစုန့်က ပခုံးတွန့်လိုက်သည်။

"ဒါက သိသာလွန်းနေတယ်လေ အဲဒီကောင်မလေးနာမည်က စူးဟယ် ဟုတ်တယ်ဟုတ်? သူ့ရဲ့မျက်နှာအမူအရာက ဘယ်လိုပဲဖြစ်နေပါစေ တစ်ချက်ကြည့်လိုက်တာနဲ့ သူက မင်းကို သဘောကျတယ်ဆိုတာ ရှင်းနေတာပဲ"

"သူက ငါ့ညီမလေး"

"မင်းက သူ့ကို ညီမလေးတစ်ယောက်လို ဆက်ဆံရင် သူက မင်းနဲ့ အတူအိပ်ချင်နေတာတောင် ဖြစ်နိုင်တယ်"

"ဝူစုန့်"

ရှန်းရှောင်းရဲ့အသံက အေးစက်သွားသည်။

"ဟား ဟား... ရှောင်းရှန် မင်း တကယ်ပဲ မင်းရဲ့သေခြင်းတရားကို မှန်ကန်တဲ့နားလည်မှုရှိဖို့ လိုတယ် ၊ မင်း ငါ့ကိုမယုံရင် သူ့ကို မင်းကိုယ်တိုင်သွားမေးကြည့်လိုက် ငါက ဒီရှိုးနဲ့ အလုပ်ရှုပ်နေတာ ငါအရင်သွားနှင့်တော့မယ်"

ရှန်းရှောင်းက သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး သူ့မျက်လုံးတွေက အကြိမ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်နေပြီးကာမှ ရှန်းရှန်ကို ဖုန်းခေါ်လိုက်သည်။

??????????Where stories live. Discover now