ကိုယ်ပိုင်ကျွန် ❤️
အပိုင်း(၁၆)
(Warning 🚨)
ဆပ်ကနဲ နမ်းလိုက်ပြီးမှ ကိုတေဇာရဲ့ မျက်လုံးတွေကို ပြန်ကြည့်လိုက်တော့...
ကိုတေဇာက ပြုံးနေသည်။
အခုလို ဟန်နီ့ကို ကြည့်ပြီး ပြုံးနေတာကို ဟန်နီသိပ်အသားမကျ...
ခါတိုင်းဆို သူ့ကို ဝါးစားမတတ်နှင့် စိမ်းသက်သက် အကြည့်တွေနဲ့ဘဲ ကြည့်နေခဲ့တာလေ...ဟန်နီရှက်လည်းရှက်တာနှင့် မျက်နှာလွှဲပြီး
အိပ်ယာပေါ်က ထလိုက်တော့...
ကိုတေဇာက လှမ်းဆွဲကာ ပေါင်ပေါ်ကိုထိုင်ခိုင်းသည်။ခါးကိုလည်းတင်းကြပ်နေအောင် ဖက်ထားပြီးမှ..
"ယောက်ျားလို့ခေါ်!"
အခုထိ လေသံက မလျော့သေး...
"ကိုတေဇာ လေသံကို နည်းနည်းလောက် လျော့ပေးလို့..."
မွ...
"ယောက်ျားလို့ခေါ်!"
"မဟုတ်ဘူး ဟန်နီပြောမယ်..."
မွ
"မပြောနဲ့ ယောက်ျားလို့ ခေါ် ခေါ်ပြီးမှပြော...!"
ဟန်နီ သက်ပြင်းတစ်ချက်ချပြီး...
ကိုတေဇာကိုကြည့်နေလိုက်တော့..."ခေါ်မှာလား မခေါ်ဘူးလား...!!"
"ကိုတေဇာ ခါတိုင်းဆို ဒီလို မခေါ်လည်း ဘာမှမှမပြောဘဲ... အရင်လိုဘဲ ခေါ်တော့..ဘာဖြစ်လို့လဲ"
"ယောက်ျားလို့မခေါ်ချင်လို့လား မင်းက!"
ကြည့် သူ့အလိုကိုမလိုက်လိုက်တာနဲ့ လေသံက ချက်ချင်း ပိုပြီး မာသွားပြီ...
"ဟန်နီက မခေါ်ချင်ဘူးလို့မပြောပါဘူး...
ကိုတေဇာက...""မခေါ်ချင်တာ မဟုတ်ရင် အခုခေါ်လေ
ဘာဖြစ်နေတာလဲ မင်းက...!
တွန့်တိုတာလား"ဒါလား သူ့မိန်းမကိုပြောတဲ့လေသံ...
နူးနူးညံ့ညံ့ ကိုမပြောဘူး...
ဒါပေမယ့်လည်း ဒီလိုမျိုး သူ့ကို ငြင်သာလာတာနဲ့တင် ဟန်နီကိုယ်တိုင်က ကျေနပ်နေရတာဘဲလေ..."ခေါ်လို့.. ဟော.. ငါပြောနေတာကို မသိသလိုနေနေတယ်!"
"ယောက်ျား"

YOU ARE READING
??????????????? (Complete)
Romance"???? ?????????????? ????????????????...!! ???????????????????? ??????????... ??????? ????????? ?????? ?????????.." ????????????? Warning ??